မြန်မာနိုင်ငံမှာ ဒီမိုကရေစီအရေးအတွက် ရရာနည်းလမ်းတွေသုံးပြီး အာဏာရှင်ကို တွန်းလှန်နေသလို အိမ်နီးချင်းထိုင်းနိုင်ငံမှာလည်း ဒီမိုကရေစီ ရရှိရေးအတွက် ထိုင်းပြည်သူတွေ စုပေါင်းပြီး ဆန္ဒထုတ်ဖော်နေကြပါတယ်။  ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှာ နေထိုင်ကြတဲ့  ပြည်သူတွေက စစ်ဗိုလ်ချုပ်ဟောင်းဖြစ်တဲ့ ဝန်ကြီးချုပ် ပရာယွတ်နုတ်ထွက်ပေးရေးအတွက် သူတို့ရဲ့ဆန္ဒတွေကို ထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။ 

Photo Credit : Original Uploder 
Photo Credit : Original Uploder 

ထိုင်းက ပြည်သူတွေ အနေနဲ့ လှုပ်ရှားမှုတွေကို နေ့ရက်တိုင်း ပြုလုပ်နေတာဖြစ်ပြီး အသက်အရွယ်မရွေး ပါဝင် နေတာကိုလည်း ဗီဒီယိုတွေ ပုံရိပ်တွေမှာ တွေ့ရပါတယ် ။ ထိုင်းရဲတပ်ဖွဲ့တွေ အနေနဲ့ ဆန္ဒပြ ပြည်သူတွေကို ဖြိုခွင်းတာတွေ ဖမ်းဆီး တာတွေ ရှိနေခဲ့ပြီး ပြည်သူတွေကတော့ အားမလျော့သွားဘဲ ရရာနေရာတွေကနေ လှုပ်ရှားမှုတွေ ကို ပြုလုပ်နေကြဆဲပါ ။

Photo Credit : Original Uploder 
Photo Credit : Original Uploder 

ယနေ့ စက်တင်ဘာလ (၄ ) ရက်နေ့မှာလည်း ဘန်ကောက်မြို့ရဲ့ လူစည်ကားရာ လက်မတွေ အထက်မှာ အင်အားများစွာရှိတဲ့ ပြည်သူတွေ စုပေါင်းပြီး ပုံသဏ္ဌာန်မျိုးစုံနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ် ။ တစ်ချို့ကလည်း ဖျော်ဖြေရေး တီဝိုင်းတွေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေကြတာကို ပုံထဲမှာ တွေ့မြင်ရမှာပါ ။ ပရိသတ်ကြီးအတွက် ထိုင်းနိုင်ငံက ပြည်သူတွေရဲ့ လှုပ်ရှားမှုပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ် ။

Photo Credit : Original Uploder 
Photo Credit : Original Uploder 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။