Ida မုန်တိုင်းဒဏ်ကြောင့် ပြည်နယ်လေးခုမှာ ဆိုးဝါးစွာ ရေလွှမ်းခဲ့ပြီး လူပေါင်း (၄၃) ဦး သေဆုံးခဲ့တဲ့ အမေရိကန် နိုင်ငံရဲ့ လက်ရှိအခြေအနေ မြင်ကွင်းများ

//s9.kh1.co/29/29b8b4f88bee907e7fb45a33653b6794bdfa62ae.jpeg
နေ့စဉ်သတင်းများ

 ၀၄-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.....

အမေရိကန် နိုင်ငံမှာ ပီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ က အိုင်ဒါလို့ အမည်ပေးထားတဲ့ မုန်တိုင်းတစ်ခု တိုက်ခတ်ခဲ့ပါတယ် ။ အင်အား အလွန်ပြင်းထန်ပြီး မုန်တိုင်းနဲ့ပါလာတဲ့ မိုးကြောင့် ရေကြီး ရေလျှံမှုတွေလည်း ဆိုးဝါးစွာဖြစ်ပေါ်ခဲ့ပါတယ်။  နယူးယောက်၊ နယူးဂျာဆီ၊ ပင်ဆယ်ဗေးနီးယားနှင့် ကွန်နက်တီကပ်ပြည်နယ်တို့မှာ မုန်တိုင်းဒဏ်ကို အတော်လေး ခံခဲ့ရပြီး ဆုံးရှုံးမှုတွေ များစွာရှိခဲ့ပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 

ရေကြီးမှုတွေကြောင့် ပြည်နယ် လေးခုမှာ အနည်းဆုံး လူဦးရေ (၄၃) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံတကာ သတင်းဌာနတွေက ဖော်ပြထားကြပါတယ် ။ ဒီလို သေဆုံးကြရတဲ့ အကြောင်းရင်းကလည်း မြေအောက် အခန်းတွေ မှာ နေထိုင်ကြတဲ့ ပြည်သူတွေ ဖြစ်ပြီး ရေတွေ ဝင်ရောက်လာတာကြောင့် ပိတ်မိပြီး သေဆုံးကြတာလို့ သိရပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 

ဒါ့အပြင် ဆိုင်ခန်းတွေ ၊ မြေအောက် ရထားဘူတာရုံတွေနဲ့ အိမ်စီးကားတွေ နစ်မြှပ်သည်အထိ ဆိုးဝါးစွာ ရေကြီးနေတာကို ပုံထဲမှာ တွေ့ရမှာပါ ။ ပျက်စီးဆုံးရှုးမှု ပမာဏကိုတော့ အတိအကျမသိရသေးပေမယ့်  အိမ်ခြေ တစ်သိန်းခွဲထက်မနည်း လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့တယ်လို့ သိရပါတယ် ။ ဒီဖြစ်ရပ်က နယူးယောက်မြို့ရဲ့သမိုင်းမှာ စံချိန်တင်ဖြစ်ပွားခြင်းဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ် ။ ပရိသတ်ကြီးအတွက် အမေရိကန်နိုင်ငံရဲ့ ဒီသတင်းလေးကို ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T