တိုက်ပွဲတွေပြီးဆုံးချိန်မှာ ဒေါ်လာသန်းချီတန်တဲ့ စစ်လက်နက်ပစ္စည်းတွေအပြင် နိုင်ငံ့ဘဏ္ဍာငွေများစွာကို သိမ်းဆည်းရရှိခဲ့တဲ့ တာလီဘန်တွေရဲ့ ရုပ်သံဖိုင်

//s9.kh1.co/12/123ba0efc2ca14fdfa428081916458b804e49f99.jpg
နေ့စဉ်သတင်းများ

 ၀၃-စက်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

အမေရိကန်စစ်တပ်က အာဖဂန်နစ်စတန်နိုင်ငံရဲ့ ပြည်တွင်းစစ်ပွဲမှာပါဝင်ခဲ့ပြီး နှစ်ပေါင်း(၂၀)အကြာမှာ တပ်တွေပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။ အမေရိကန်တပ်တွေ အာဖဂန်ပြည်တွင်းကနေ တဖြည်းဖြည်းရုပ်သိမ်းလာခဲ့ပြီးနောက် တာလီဘန်တွေဟာ ရက်အနည်းငယ်အတွင်း မြို့တော်တွေကို သိမ်းပိုက်လာခဲ့ပါတယ်။ တာဘီဘန်တွေကို မထောက်ခံတဲ့ တချို့အာဖဂန်ပြည်သူတွေကတော့ နိုင်ငံကနေ ကိုယ်လွတ်ရုန်းပြီး ထွက်ပြေးခဲ့ကြရပါတယ်။

Photo Credit - SiThu Maung
Photo Credit - SiThu Maung
Photo Credit - SiThu Maung
Photo Credit - SiThu Maung

ဒီလိုထွက်ပြေးသွားခဲ့တဲ့ အာဖဂန်ပြည်သူတွေရဲ့ ပိုင်ဆိုင်ကြတဲ့ နေအိမ်များ၊ ဆိုင်ခန်းများအပြင် တန်ဖိုးကြီး အရာတွေကို တာလီဘန်တွေက ရယူခဲ့ကြပါတယ်။ ဒါ့အပြင် အာဖဂန်စစ်တပ်ကနေ ဒေါ်လာသန်းချီတန်တဲ့ ရဟတ်ယာဥ်များအပါအဝင် စစ်လက်နက် ပစ္စည်းများစွာကိုလည်းရရှိခဲ့ပါတယ်။ ယခုမှာလည်း တာလီဘန်တွေက ၎င်းတို့သိမ်းဆည်းရမိခဲ့တဲ့ အရာတွေကို ရုပ်သံဖိုင်များဖြင့် ဖော်ပြလာခဲ့ပါတယ်။

Photo Credit - SiThu Maung
Photo Credit - SiThu Maung
Photo Credit - SiThu Maung
Photo Credit - SiThu Maung

ဒါကတော့ အာဖဂန်စစ်တပ်နဲ့ တိုက်ပွဲအတွင်းရရှိခဲ့တဲ့ ခေတ်မှီစစ်လက်နက်ပစ္စည်းတွေအပြင် နိုင်ငံ့ဘဏ္ဍာငွေများစွာကိုလည်း ရရှိထားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်စစ်တပ်ကနေ ကျန်ရှိခဲ့တဲ့ ဒေါ်လာသန်းချီတန် တိုက်ခိုက်လေယာဉ်တွေအပြင် စစ်လက်နက်ပစ္စည်းများ၊ သံချပ်ကားယာဥ်များစွာကိုလည်း ရရှိထားခဲ့ပါတယ်။ အမေရိကန်စစ်တပ်ကတော့ ၎င်းတို့ကျန်နေခဲ့တဲ့ အရာတွေကို တာလီဘန်တွေ အလွယ်တကူအသုံးမပြုနိုင်အောင် နည်းပညာများဖြင့် ပိတ်ထားခဲ့ကြတယ်လို့ နိုင်ငံတကာသတင်းများရဲ့ ဖော်ပြချက်အရ သိရပါတယ်။

သတင်း အရင်းအမြစ်Source - SiThu Maung

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T