နတ်မောက်တွင် စစ်အာဏာရှင်အလိုမရှိကြောင်း နှမ်းရိတ်သပိတ်ပြုလုပ်ပြီး ဆန္ဒပြခဲ့ကြတဲ့တောင်သူများ

//s9.kh1.co/f9/f98688043c42cb42f4e717f1060e3cf3a526cba0.jpg
နေ့စဉ်သတင်းများ

 ၀၃-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ဖမ်းဆီးထိန်းသိမ်းမှုတွေ နေရာတိုင်းမှာ များပြားနေပေမယ့် ပြည်သူတွေရဲ့ စစ်အာဏာရှင် တော်လှန်ရေး သပိတ်စစ်ကြောင်းတွေကတော့ နေ့ရက်တိုင်း ထွက်ပေါ်နေကြဆဲဖြစ်ပါတယ်။ အရင်လို အင်အားများစွာနဲ့ ဆန္ဒထုတ်ဖော်ရန် မလွယ်ကူတာကြောင့် ပြောက်ကျားသပိတ်တွေဆင်နွှဲကာ ဆန္ဒပြတော်လှန်နေကြပြီး ပြည်သူ့ကာကွယ်ရေးတပ် PDF တွေပါ ဖွဲ့စည်းကာ စစ်ရေးအတွက် ပြင်ဆင်နေကြတာတွေ့ရပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader

ခုချိန်မှာ ပြည်သူအားလုံးက ပန်းတိုင်တစ်ခုတည်းကို လျှောက်လှမ်းနေတဲ့ ရင်ဘတ်ချင်း တူညီကြသူတွေမို့ ကိုယ်လုပ်နိုင်တဲ့ နေရာကနေ လုပ်နိုင်တာ မှန်သမျှဆောင်ရွက်နေကြတာပါ။ မြို့ကြီးတွေမှာလည်း ရရာနည်းလမ်းနဲ့ဆန္ဒပြတော်လှန်နေကြသလို ကျေးလက်ဒေသတွေမှာလည်း အာ‌ဏာရှင်အလိုမရှိကြောင်းကို ရရာနည်းနဲ့ သပိတ်တွေပြုလုပ်ကာ တော်လှန်နေကြတာဖြစ်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

ယနေ့စက်တင်ဘာလ (၃)ရက်နေ့မှာဆိုရင်လည်း နတ်မောက်မြို့မှာ တောင်သူလယ်သမား ပြည်သူတွေဟာ နှမ်းရိတ်သပိတ်ပြုလုပ်ပြီး အာ‌ဏာရှင်အလိုမရှိကြောင်းကို လက်သုံးချောင်းထောင်ကာ ဆန္ဒပြတော်လှန်ခဲ့ကြတာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Myanmarload

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T