အရွယ်မရောက်သေးတဲ့အပြင် အသက်ငယ်ငယ်လေးတွေနဲ့ မိဘနေရာကို ရောက်ခဲ့ရတဲ့ ကလေးတွေရဲ့စိတ်ဝင်စားဖွယ်ရာ ဖြစ်ရပ်မှန်များ

//s9.kh1.co/67/670b80ef5031fcb6f129c6bf7f378d36770c72a1.jpg
နေ့စဉ်သတင်းများ

 ၀၃-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

အရွယ်မရောက်သေးတဲ့အပြင် အသက်ငယ်ငယ်လေးတွေနဲ့ မိဘနေရာကိုရောက်ခဲ့ရတဲ့ ကလေးတွေရဲ့စိတ်ဝင်စားဖွယ်ရာ ဖြစ်ရပ်မှန်များ

အခုတစ်ခါဖော်ပြပေးမယ့် အကြောင်းအရာကတော့ အရွယ်မရောက်သေးပေမယ့် မိဘနေရာကိုရောက်ရှိခဲ့ကြတဲ့ ကလေးတွေရဲ့အကြောင်းပဲ ဖြစ်ပါတယ် ။ အသက် (၁၁)နှစ်အရွယ်သာရှိသေးတဲ့ မိန်းကလေးတစ်ဦးက သူမရဲ့ရင်သွေးလေးကို မွေးဖွားပြီးနောက်မှာတော့ ဗြိတိန်နိုင်ငံရဲ့အသက်အငယ်ဆုံးမိခင်တစ်ဦးဖြစ်လာခဲ့ပါတယ်။ သူမက အသက် (၁၀)နှစ်အရွယ်မှာ အဓမ္မပြုကျင့်ခံခဲ့ရတာကြောင့် ကိုယ်ဝန်ရရှိခဲ့တာ ဖြစ်ပါတယ် ။ အခုဆိုရင် သူမက ရင်သွေးလေးကို အောင်မြင်စွာမွေးဖွားခဲ့ပြီးနောက် ကလေးနဲ့အတူ အဆင်ပြေပြေရှိနေတယ်လို့ သိရပါတယ်။

Photo Credit-The Sun
Photo Credit-The Sun

(၁၉၃၉)ခုနှစ်တုန်းက အသက်(၅)နှစ်အရွယ်နဲ့ ကလေးမွေးဖွားခဲ့တဲ့ Lina Medina ဆိုတဲ့အမျိုးသမီးကတော့ ကမ္ဘာပေါ်မှာ အသက်အငယ်ဆုံးမိခင်အဖြစ် မှတ်တမ်းတင်ခံခဲ့ရပါတယ်။

Photo Credit-The Sun
Photo Credit-The Sun

လွန်ခဲ့တဲ့ (၂၀၀၉)ခုနှစ်တုန်းကဆိုရင်လည်း Alfie Patten ဆိုတဲ့ကောင်လေးက အသက် (၁၃)နှစ်အရွယ်လေးနဲ့ ကလေးအဖေဖြစ်လာခဲ့ပါတယ်။ ကလေးမျက်နှာလေးနဲ့ Alfie Patten က အသက် (၁၅)နှစ်အရွယ်ရှိတဲ့ သူ့ရဲ့ချစ်သူ Chantelle Steadman နဲ့အတူနေခဲ့ပြီးနောက် Chantelleဆီမှာ ကိုယ်ဝန်ရခဲ့တာ ဖြစ်ပါတယ် ။ ဒါပေမဲ့ ကလေးမွေးဖွားပြီး ခြောက်ပတ်အကြာမှာ DNA အဖြေစစ်ကြည့်တော့မှ Alfie က ကလေးအဖေမဟုတ်ဘူးဆိုတာကို သိခဲ့ရတာ ဖြစ်ပါတယ် ။

Photo Credit-The Sun
Photo Credit-The Sun

ဒီဖြစ်ရပ်ကြောင့် Alfie က ဘာမှမလုပ်နိုင်ဖြစ်ခဲ့ရပြီး ကျောင်းမသွားနိုင်ခဲ့သလို သူ့ဘဝကြီးအဆုံးသတ်သွားပြီလို့တောင် ထင်ခဲ့တာ ဖြစ်ပါတယ် ။ (၂၀၁၉)ခုနှစ်မှာတော့ Alfie ကအလုပ်လက်မဲ့ဖြစ်ခဲ့ပြီး ဥပဒေရေးရာပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းခဲ့ရတာ ဖြစ်ပါတယ် ။

Photo Credit-The Sun
Photo Credit-The Sun

Kathleen Moss ဆိုတဲ့ကောင်မလေးကလည်း အသက် (၁၂)နှစ်အရွယ်လေးနဲ့ ကလေးအမေဖြစ်လာခဲ့သူ ဖြစ်ပါတယ် ။ Kathleen က အသက် (၁၄)နှစ်အရွယ်ကောင်လေးတစ်ယောက်နဲ့ အတူနေခဲ့ရာကနေ ကိုယ်ဝန်ရပြီး Georgia ဆိုတဲ့ ကလေးလေးကို မွေးဖွားခဲ့တာ ဖြစ်ပါတယ် ။ Kathleen က ကိုယ်ဝန်လေးငါးလအထိရောက်တဲ့အထိ သတိမထားမိဘဲ နောက်မှသာ ကိုယ်ဝန်ရှိမှန်းသိလိုက်ရလို့ အရမ်းကို ထိတ်လန့်တုန်လှုပ်ခဲ့ရတာ ဖြစ်ပါတယ် ။ သူမရဲ့ဗိုက်ကို အဝတ်တွေနဲ့ဖုံးကွယ်ဖို့ကြိုးစားခဲ့ပေမယ့်လည်း မိသားစုတွေက ရိပ်မိသွားခဲ့တာ ဖြစ်ပါတယ် ။ Kathleen က အသက် (၁၂)နှစ်အရွယ်နဲ့ ကလေးအမေဖြစ်လာခဲ့ပေမယ့် သူမရဲ့ရင်သွေးလေးကို ထွေးပွေ့လိုက်တဲ့အချိန်မှာတော့ မိခင်မေတ္တာကိုခံစားမိခဲ့ရတာ ဖြစ်ပါတယ် ။

Photo Credit-The Sun
Photo Credit-The Sun

Charlotte Maddox ဆိုတဲ့ကောင်မလေးကလည်း အသက် (၁၃)နှစ်အရွယ်လေးနဲ့ ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးဖွားခဲ့ပါသေးတယ်။ အသက်ငယ်ငယ်လေးနဲ့ မိဘနေရာကိုရောက်ရှိခဲ့တဲ့ ကလေးတွေရဲ့အကြောင်းကို ဖော်ပြပေးလိုက်တာပဲ ဖြစ်ပါတယ် ။

Source & Photo Credit-The Sun

Photo Credit-The Sun
Photo Credit-The Sun
Photo Credit-The Sun
Photo Credit-The Sun
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T