အကြမ်းဖက်မှုတွေနဲ့ ဝိုင်းပြီးအဓမ္မပြုကျင့်ခံရတာကြောင့် အသက်ဆုံးရှုံးသွားခဲ့ရတဲ့ စိတ်ဝေဒနာရှင်ပြည်သူတစ်ဦး

//s9.kh1.co/95/951cb3ae81916ae3778d963081c97ac672cd6648.jpeg
နေ့စဉ်သတင်းများ

 ၀၃-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

..

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ပုံတောင်တကြောမှာ တည်ရှိတဲ့ ခင်သာရွာကို ရောက်ရှိနေတဲ့ အကြမ်းဖက်အဖွဲ့ဟာ ယနေ့ညက အဓမ္မပြုကျင့်မှု တစ်ခု ကျူးလွန်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရပါတယ်..။

အဓမ္မပြုကျင့်ခံရတဲ့ ခင်သာရွာနေ အသက် (၆၀)ခန့်အရွယ် ဒေါ်မြဆင့်သူဟာ စိတ်ဝေဒနာရှင်တစ်ဦးဖြစ်ပြီး အခင်းဖြစ်ပွားပြီးနောက် သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်..။

Photo Credit - Original Uploader
Photo Credit - Original Uploader

အဓမ္မပြုကျင့်မှုကြောင့် စိတ်ဝေဒနာရှင်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရသလို အသက် (၃၅)နှစ် အရွယ် ရွာသားတစ်ဦးလည်း ဖမ်းဆီးခံရပြီး အသတ်ခံရကာ အလောင်းကိုတော့ ယမားချောင်းထဲမှာ ဒေသခံတွေက ပြန်လည်တွေ့ရှိခဲ့ကြပါတယ်..။

ချောင်းထဲမှာတော့ အဆိုပါရွာသားရဲ့အလောင်းအပြင် အခြားအမည်မသိအလောင်း တစ်လောင်းကိုလည်း တွေ့ရှိခဲ့တယ်လို့လည်း သိရပါတယ်..။

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader

အကြမ်းဖက်အဖွဲ့ဟာ ရွာသူရွာသားများရဲ့ နေအိမ်များကို ဖောက်ထွင်းဖျက်ဆီးပြီး အလိုရှိတာတွေ ယူဆောင်သွားကြောင်းကိုလည်း ဒေသခံပြည်သူတွေက ပြောပြလာပါတယ်..။

အခုလို ဥပဒေမဲ့ အကြမ်းဖက် သောင်းကျန်းရမ်းကားတာတွေကို ရင်ဆိုင်ခံစားနေရတာတွေကြောင့် ပြည်သူတွေကလည်း စိုးရိမ်နေကြတာ ဖြစ်ပါတယ်..။


Photo Credit - Original Uploader
Photo Credit - Original Uploader
Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T