ကရင်ပြည်နယ် ဘားအံမြို့ ပေါ့ထော်ကျေးရွာမှာရှိတဲ့ Mytel တာဝါတိုင်နဲ့ Site တစ်ခုလုံးနီးပါး မီးရှို့ဖျက်ဆီးခံရ

//s9.kh1.co/b3/b3ceeb6b325870ecf3108cfd6daa57fed4416449.png
နေ့စဉ်သတင်းများ

 ၀၂-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

ပြည်သူတွေဟာ အာဏာရှင်ကိုသာမက အာဏာရှင်ရဲ့ငွေဝင်လမ်းကြောင်းဖြစ်တဲ့ လုပ်ငန်းတွေကိုပါ မုန်းတီးနေခဲ့ပါတယ်။ အများသိကြတဲ့ Mytel ဖုန်းလိုင်းဟာ အာဏာရှင်ရဲ့ ကိုယ်ပိုင်လုပ်ငန်းတစ်ခုဖြစ်ပြီး အာဏာသိမ်းမှုဖြစ်စဉ်စတင်တဲ့အချိန်မှာပဲ ပြည်သူတွေဟာ အာဏာရှင်နဲ့ဆက်စပ်လုပ်ငန်းတွေအားလုံးကို သပိတ်မှောက်ကာ မသုံးစွဲဖို့ အချင်းချင်း သတိပေးခဲ့ကြပါတယ်။ လက်ရှိအချိန်ထိလည်း သုံးစွဲသူအရေအတွက်လျော့ကျနေခဲ့ပြီး Mytel တာဝါတိုင်တွေဟာလည်း မကြာခဏဆိုသလို မီးရှို့ဖျက်ဆီးမှုခံခဲ့ရပါတယ်။

Photo Credit - HTY Information's FB Acc
Photo Credit - HTY Information's FB Acc

ပြီးခဲ့တဲ့လပိုင်းလောက်ကလည်း Mytel Site ထဲမှာရှိတဲ့ ရောင်းချလို့ရမယ့်ပစ္စည်းတွေ ခိုးယူခံခဲ့ရပြီး Site တစ်ခုလုံးနီးပါးပါသွားခဲ့တာပါ။ ဒီနေ့ စက်တင်ဘာလ (၂) ရက်နေ့ နံနက် (၈) နာရီအချိန်မှာ ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ပေါ့ထော်ကျေးရွာရှိ Mytel ဖုန်းတာဝါတိုင် အောက်ခြေရှိ ဆက်စပ် စက်ပစ္စည်းများမီးရှို့ ဖျက်ဆီးခံခဲ့ရပါတယ်။ ပြည်သူတွေရဲ့အမုန်းဟာ အာဏာရှင်ကိုသာမက သူနဲ့သက်ဆိုင်တဲ့ အရာမှန်သမျှအပေါ် သက်ရောက်နေခဲ့တာပါ။

Photo Credit - HTY Information's FB Acc
Photo Credit - HTY Information's FB Acc
Photo Credit - HTY Information's FB Acc
Photo Credit - HTY Information's FB Acc

မဲတူးနေအောင်လောင်ကျွမ်းထားတဲ့ စက်ပစ္စည်းတွေဟာ ပြည်သူတွေရဲ့မုန်းတီးမှုကိုတော့ မဖြေဖျောက်နိုင်ခဲ့ပါဘူး။ လက်ရှိအချိန်ထိတော့ ပြုလုပ်သူဟာ မည်သူမည်ဝါဆိုတာကို အတိအကျမသိရသေးပါဘူး။ ပြည်သူတွေဟာ ရတဲ့နည်းနဲ့တော်လှန်နေခဲ့ပြီး အရေးတော်ပုံ မအောင်မချင်းလည်း တော်လှန်တာတွေဟာ ရပ်တန့်သွားမှာမဟုတ်ပါဘူး။

Photo Credit - HTY Information's FB Acc
Photo Credit - HTY Information's FB Acc

သတင်း အရင်းအမြစ်HTY Information's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T