ကာဘူးလ်လေဆိပ်မှာကျန်ခဲ့တဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေအပါအဝင် စစ်လက်နက်ပစ္စည်းတွေကို တာလီဘန်တွေအသုံးမပြုနိုင်အောင် ပညာပြခဲ့တဲ့ အမေရိကန်စစ်တပ်

//s9.kh1.co/41/4176f96d0d79389990ed4a9703e7bf702176936e.jpg
နေ့စဉ်သတင်းများ

 ၀၂-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

သြဂုတ်လ(၃၁)ရက်နေ့မှာ အာဖဂန်ကနေ အပြီးသတ်ထွက်ခွာခဲ့ပြီဖြစ်တဲ့ အမေရိကန်စစ်တပ်ဟာ သူတို့မထွက်ခွာခင်အချိန်မှာ ကာဘူးလ်လေဆိပ်မှာကျန်ခဲ့တဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေအပါအဝင် သံချပ်ကားယာဉ်၊ လက်နက်စနစ်တွေကို ပိတ်ပစ်ထားခဲ့တာဖြစ်ပါတယ်။ ဒါဟာ ကျန်နေခဲ့တဲ့ ၎င်းတို့ရဲ့ စစ်လက်နက်ပစ္စည်းတွေကို တာလီဘန်တွေ အလွယ်တကူ အသုံးမပြုနိုင်အောင် နည်းပညာတွေနဲ့ ပိတ်ထားခဲ့တယ်လို့ ဆိုပါတယ်။

Photo Credit - Daily Mail
Photo Credit - Daily Mail
Photo Credit - Daily Mail
Photo Credit - Daily Mail
Photo Credit - Daily Mail
Photo Credit - Daily Mail

တာလီဘန်တွေဟာ Herat, Khost, Kunduz နှင့် Mazar-i-Sharif ရှိအဓိက လေတပ်စခန်းများစွာကိုသိမ်းပိုက်ခဲ့ပြီး Black Hawks နှင့်ဒေါ်လာ (၁၄ )သန်းတန် Hercules သယ်ယူပို့ဆောင်ရေးဂျက်လေယာဉ်များကို လိုက်လံရှာဖွေနေခဲ့ပါတယ်။ တာလီဘန်တွေက အမေရိကန်စစ်တပ်က ချန်ထားရစ်ခဲ့တဲ့ Chinook ရဟတ်ယာဉ်တွေကို စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး အမေရိကန်တွေရဲ့ စနစ်ပိတ်ဆို့ထားခဲ့မှုကြောင့် လေယာဥ်မောင်းနှင်ဖို့ အခက်တွေ့နေခဲ့ရပါတယ်။

Photo Credit - Daily Mail
Photo Credit - Daily Mail
Photo Credit - Daily Mail
Photo Credit - Daily Mail
Photo Credit - Daily Mail
Photo Credit - Daily Mail
Photo Credit - Daily Mail
Photo Credit - Daily Mail

လေယာဥ်များကို တာလီဘန်တွေက ပြန်မောင်းနှင်ဖို့ အာဖဂန်လေတပ်မှလေယာဉ်မှူးများအား နိုင်ငံအတွင်း လိုက်လံရှာဖွေရန်အမိန့်ပေးခဲ့ကြောင်း သိရပါတယ်။ ဇွန်လ(၃၀)ရက်က အမေရိကန်ရဲ့ ထုတ်ပြန်ချက်တွေမှာ အာဖဂန်လေတပ်ရဲ့ ရဟတ်ယာဉ် (၁၀၈) စင်းနှင့် လေယာဉ် (၅၉) စင်းအပါအဝင် လေယာဉ်ပေါင်း (၁၆၇) စီးဖြင့် လည်ပတ်နေခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။ကျန်ရှိနေသေးတဲ့ ရဟတ်ယာဉ်များကို တာလီဘန်တွေက လိုက်လံရှာဖွေမှုတွေ လုပ်ဆောင်နေပြီး တချို့ရဟတ်ယာဥ်များဟာ ရစရာမရှိအောင်ပျက်စီးနေတဲ့အပြင် တချို့မှာ အလွယ်တကူအသုံးပြုလို့မရတဲ့ ရဟတ်ယာဥ်များကိုသာ တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။

Photo Credit - Daily Mail
Photo Credit - Daily Mail
Photo Credit - Daily Mail
Photo Credit - Daily Mail
Photo Credit - Daily Mail
Photo Credit - Daily Mail

သတင်း အရင်းအမြစ်Source - Daily Mail

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T