ကိုဗစ်ရောဂါနဲ့ ပျံလွန်တော်မူသွားတဲ့ ဟိုပုံးကိုရင်လေး ရုပ်ကလာပ်တော်အား မီးပူဇော်ဖို့အန္တိမဈာပနအတွက် ပင့်ဆောင်ပြင်ဆင်နေတဲ့ ဗီဒီယို

//s9.kh1.co/64/64c485c2cfcea9d09597f8ed1dd82d2eb8722600.jpeg
နေ့စဉ်သတင်းများ

 ၀၂-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

ရှမ်းပြည်နယ် တောင်ပိုင်း ဟိုပုံးမြို့နယ် ကိုဗစ်ရောဂါကူးစက်ခံရပြီး ပျံလွန်တော်မူသွားတဲ့ ဟိုပုံးကိုရင်လေး (အရှင်ပေါရိဿ ) အန္တိမစျာပန ကျင်းပဖို့ ပင့်ဆောင်ခဲ့ပြီဖြစ်ပါတယ်..။

ပျံလွန်တော်မူသွားတဲ့ ဟိုပုံးကိုရင်လေး(ရှင်ပေါရိဿ)ရဲ့ ရုပ်ကလာပ်တော်ကို မီးပူဇော်တဲ့ အန္တိမဈာပနကို ဒီကနေ့ စက်တင်ဘာ(၂)ရက်နေ့ ညနေ(၃)နာရီ (၁၅)မိနစ်အချိန်က ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်..။

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လုံခုတ်ကျေးရွာအုပ်စု၊ ဟိုတိကျေးရွာရှိ ဟိုပုံးကိုရင်လေးကျောင်းမှ မီးပူဇော်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်..။

ဟိုပုံးကိုရင်လေးကတော့ Covid-19 ရောဂါကူးစက်ခံရတာကြောင့် နေမကောင်းဖြစ်ပြီး စက်တင်ဘာလ(၁)ရက်နေ့ နံနက် (၁၁)နာရီ (၄၅)မိနစ်အချိန်က ဘဝနတ်ထံပျံလွန်တော်မူသွားတာ ဖြစ်ပါတယ်..။

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader

ဟိုပုံးကိုရင်လေး ဘဝနတ်ထံပျံလွန်တော်မူသွားတဲ့အတွက် ပအိုဝ်းပြည်သူလူထုတစ်ရပ်လုံးက ဝမ်းနည်းစိတ်မကောင်း ဖြစ်နေကြပြီး မီးပူဇော်တဲ့ အန္တိမဈာပနအခမ်းအနားကိုလည်း လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်..။

ဒီကနေ့မှာ ပြုလုပ်ကျင်းပခဲ့တဲ့ ဟိုပုံးကိုရင်လေးရဲ့အန္တိမဈာပန အခမ်းအနားပုံရိပ်မြင်ကွင်းတွေကိုလည်း ဗီဒီယိုဖိုင်လေးနဲ့အတူ ပရိသတ်တွေအတွက် တင်ဆက်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit - Original Uploader
Photo Credit - Original Uploader


Photo Credit - Original Uploader
Photo Credit - Original Uploader
Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T