KNU တပ်မဟာ (၇) မှာ ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်မယ့် စစ်ပညာတွေကိုသင်ယူတတ်မြောက်ပြီး သင်တန်းဆင်းလာခဲ့ပြီဖြစ်တဲ့ လူငယ်လေးတွေ

//s9.kh1.co/4d/4d8cba5a970ee8fef1f325e7a456fe114c09e4bd.png
နေ့စဉ်သတင်းများ

 ၀၂-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်းမှာ မတရားတဲ့အမိန့်အာဏာတွေအားလုံကိုဖီဆန်နိုင်ဖို့ လူငယ်အများစုဟာ တောထဲမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေဆီအရောက်သွားပြီး စစ်ပညာတွေကို ကြိုးစားပန်းစား သင်ယူနေခဲ့ပါတယ်။ တတ်မြောက်ထားတဲ့ ပညာတွေနဲ့ အာဏာရှင်ရဲ့နောက်လိုက်တွေကို ပြောက်ကျားစနစ်နဲ့တိုက်ခိုက်ပြီး ပြည်သူ့အောင်ပွဲအတွက် ကြိုးစားပေးနေခဲ့ပါတယ်။ အပြန်အလှန်ပစ်ခတ်မှုတွေရှိလာခဲ့ရင်လည်း အသက်နဲ့ရင်းပြီးကို အကြမ်းဖက်လက်နက်ကိုင်တွေကို ခုခံသွားခဲ့တဲ့ သာဓကတွေအများကြီးပါပဲ။

Photo Credit - KIC's FB Acc
Photo Credit - KIC's FB Acc
Photo Credit - KIC's FB Acc
Photo Credit - KIC's FB Acc
Photo Credit - KIC's FB Acc
Photo Credit - KIC's FB Acc

ဒီနေ့မှာလည်း ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၇) ရဲ့ အပတ်စဉ် (၉) ဟာ အခြေခံစစ်သင်တန်းကိုတတ်မြောက်ခဲ့ပြီဖြစ်လို့ သင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပခဲ့ပါတယ်။ လွတ်မြောက်နယ်မြေတွေမှာ ရသမျှဒုက္ခအားလုံးကို ခါးစည်းခံပြီး တတ်မြောက်လာတဲ့ စစ်ပညာတွေနဲ့ ပြည်သူတွေရဲ့မျှော်လင့်ချက်တွေကို ပိုပြီးအရောင်ပေါ်လာအောင်ဖန်တီးပေးမယ့် လူငယ်လေးတွေဖြစ်လို့ ပြည်သူတွေကလည်း လက်ကမ်းကြိုနေခဲ့ပါတယ်။

Photo Credit - KIC's FB Acc
Photo Credit - KIC's FB Acc
Photo Credit - KIC's FB Acc
Photo Credit - KIC's FB Acc

သင်တန်းဆင်းပွဲကပုံရိပ်တွေမှာ လူငယ် လူလတ်မျိုးစုံတွေ့ရပြီး မတရားမှုကို မုန်းတီးကြတဲ့ လူမှန်တွေချည်းပဲစုဝေးနေတဲ့ အခမ်းအနားဟာ အပြင်အဆင်တွေမလိုဘဲနဲ့ကို ခမ်းနားနေခဲ့ပါတယ်။ တိုက်ပွဲတိုင်းကိုအောင်နိုင်ပြီး ပြည်သူတွေရဲ့ ရင်ထဲကဆန္ဒအမှန်ကို ဘေးမသီ ရန်မခဘဲ အမြန်ဆုံးဖြည့်ဆည်းပေးနိုင်စေဖို့ ဆုတောင်းပေးလိုက်ပါတယ်။

Photo Credit - KIC's FB Acc
Photo Credit - KIC's FB Acc
Photo Credit - KIC's FB Acc
Photo Credit - KIC's FB Acc
Photo Credit - KIC's FB Acc
Photo Credit - KIC's FB Acc

သတင်း အရင်းအမြစ်HTY Information's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T