ဟာရီကိန်းမုန်တိုင်း Ida ရဲ့ပြင်းထန်တဲ့ တိုက်ခတ်မှုကြောင့် အဆောက်အုံကြီးများမှ ခေါင်မိုးတွေပါလမ်းမပေါ်သို့ လွှင့်စင်ထွက်သွားတဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/af/afc6daeb4c33d0bf913c55dbe0c7e25bd429e407.jpeg
နေ့စဉ်သတင်းများ

 ၀၂-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

အမေရိကန်နိုင်ငံရှိ ပြည်နယ်တစ်ချို့တွင် ဟာရီကိန်းမုန်တိုင်း Ida ဝင်တိုက်တာနဲ့ မြစ်ရေလျှံမှုများအပြင် မုန်တိုင်းနဲ့ပါလာတဲ့ မိုးကြောင့် ရေကြီးရေလျှံမှုတွေ ဆက်တိုက် ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။ ဟာရီကိန်း Ida ဟာ အမေရိကန်အရှေ့ဖက် ကမ်းခြေ အတ္တလန်တိတ် အလယ်ပိုင်းဒေသကို စတင်ဝင်ရောက်လာခဲ့တာဖြစ်ပြီး လေဆင်နှာမောင်းအဖြစ် တစ်ဆင့်ထပ်တိုးနိုင်ဖွယ်ရှိတယ်လို့လည်း သတင်းများတွင် ဖော်ပြထားကြပါတယ်။ 

Photo Crd-Reed Timmer Extreme Meteorologist’s Facebook Page 
Photo Crd-Reed Timmer Extreme Meteorologist’s Facebook Page 
Photo Crd-Reed Timmer Extreme Meteorologist’s Facebook Page 
Photo Crd-Reed Timmer Extreme Meteorologist’s Facebook Page 

Ida မုန်တိုင်းဟာ အမေရိကန်ပြည်ထောင်စုမှာ တိုက်ခတ်ခဲ့သမျှ မုန်တိုင်းတွေထဲတွင် အင်အားအပြင်းဆုံးလို့တောင်ဆိုရမှာ ဖြစ်ပါတယ်။ လေပြင်းမုန်တိုင်းတိုက်ခတ်မှုတွေကြောင့် Houma ဆိုတဲ့ မြို့မှာရှိတဲ့ အဆောက်အအုံတစ်ခုမှထုထည်ကြီးမားသော ခေါင်မိုးတစ်ခု လမ်းမပေါ်သို့ အရှိန်ပြင်းစွာ လွှင့်စင်သွားတာကို ပြည်သူတစ်ဦးမှ ဗီဒီယိုရိုက်ကူးပြီး မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။ မုန်တိုင်းဝင်ရောက်လာမှုကြောင့် ဓာတ်အားလိုင်းများ ပြတ်တောက်သွားခဲ့တဲ့အတွက် မြို့တွေကို လျှပ်စစ်မီးများ ပေးဝေနိုင်ဖို့ ရက်အတော်ကြာ စောင့်ဆိုင်းရမှာ ဖြစ်ပါတယ်။ 

Photo Crd-Reed Timmer Extreme Meteorologist’s Facebook Page 
Photo Crd-Reed Timmer Extreme Meteorologist’s Facebook Page 
Photo Crd-Reed Timmer Extreme Meteorologist’s Facebook Page 
Photo Crd-Reed Timmer Extreme Meteorologist’s Facebook Page 

 ဒီအခြေအနေတွေကြောင့် စာသင်ကျောင်းများလည်း ပိတ်ထားရသလို ကိုဗစ်လူနာတွေနဲ့ ပြည့်နေတဲ့ ဆေးရုံတွေမှာလည်း အရေးပေါ်မီးစက်တွေနဲ့လည်ပတ်နေရတာ ဖြစ်ပါတယ်။ လမ်းမတွေပေါ်မှာလည်း ရေကြီးရေလျှံမှုတွေဖြစ်နေတာကြောင့်  အမေရိကန်ပြည်ထောင်စုမှ ပြည်သူအများအပြား ဒုက္ခတွေများစွာ ရင်ဆိုင်ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ ပြည်နယ်တစ်ချို့မှာ နေထိုင်ကြတဲ့ ပြည်သူတွေ သဘာဝဘေးအန္တရာယ်ဆိုးကြီးကနေ အမြန်ဆုံး လွတ်မြောက်ပါစေလို့ ဆုတောင်းရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Reed Timmer Extreme Meteorologist’s Facebook Page 

Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T