ရေစီးသန်လွန်းတဲ့ တောင်ကျချောင်းရေတွေကြားထဲကနေ စက်လှေလေးတွေနဲ့ ရိက္ခာသယ်ယူနေရတဲ့ PDFရဲဘော်တွေရဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/10/107df6d65871e0a474b9475e3fe417197b0cbffb.jpg
နေ့စဉ်သတင်းများ

 ၀၂-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေတွေအရ လူငယ်တွေရဲ့ ပြင်းပြတဲ့စိတ်ဓာတ်နဲ့အတူ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကလည်း ပါ၀င်နေကြပြီး အာဏာရှင်ကိုအမြစ်ဖြုတ်ရန်နဲ့ စစ်မှန်တဲ့ဖယ်ဒရယ်ဒီမိုကရေစီရရှိဖို့အတွက် ကြိုးစားနေကြတာကို တွေ့ရပါတယ် ။ လူငယ်တွေအနေနဲ့ လွတ်မြောက်နယ်မြေတွေမှာ စစ်ပညာသင်ယူရတာကလည်း မလွယ်ကူလှတဲ့ကိစ္စတစ်ရပ်ဆိုတာ လူတိုင်းလည်းသိကြပြီးဖြစ်မှာပါ။

Photo credit-Original Uploader
Photo credit-Original Uploader

အမိုးအကာလုံခြုံမှုမရှိတဲ့ တဲအိမ်တွေအပြင် တော‌ထဲတောင်ထဲမှာ ငှက်ဖျားအန္တရာယ်လည်းစိုးရိမ်ရပြီး တောင်ကျရေအန္တရာယ်တွေကလည်း အချိန်မရွေးကြုံတွေ့ကြရတာ ဖြစ်ပါတယ်။ မိုးတွင်းကာလလည်းဖြစ်နေတာကြောင့် တောင်ကျချောင်းတွေ အဆက်မပြတ်ဖြစ်ပေါ်နေပြီး PDFရဲဘော်တွေအနေနဲ့ သွားလာရေးခက်ခဲနေပြီး ရိက္ခာသယ်ယူရာမှာလည်း ချောင်းရေတွေကြားထဲကနေ ခက်ခက်ခဲခဲသယ်နေကြရတာဖြစ်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

မကြာသေးမီကလည်း PDF ရဲဘော်တစ်ဦးဟာ လွတ်မြောက်နယ်မြေမှာ ရေစီးသန်လွန်းတဲ့တောင်ကျချောင်းရေကိုဖြတ်ပြီး စက်လှေလေးနဲ့ ခက်ခက်ခဲခဲ ရိက္ခာသယ်ယူနေရတဲ့ ဗီဒီယိုတစ်ခုတင်ပေးလာပါတယ်။ ဗီဒီယိုထဲမှာဆိုရင် ပဲ့ကိုင်ရတဲ့သူကလည်း သတိကြီးကြီးထားနေရသလို ရေခပ်ထုတ်နေရတဲ့သူကလည်း မနားတမ်းအဆက်မပြတ်ခပ်ထုတ်ရင်း လှေမနစ်သွားအောင် ကြိုးစားနေကြရတာကို တွေ့ရပါတယ်။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Saw Thae Ko's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T