ပြင်းထန်တဲ့အရှိန်နဲ့ ရဲကားကို ဝင်တိုက်မိတာကြောင့် ဖမ်းဆီးခံလိုက်ရတဲ့ YBS ယာဉ်မောင်း

//s9.kh1.co/0d/0de48d6289f243c742d7e74aa94ef90d773245e5.jpeg
နေ့စဉ်သတင်းများ

 ၀၂-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

..

ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် သံသုမာလမ်းပေါ်မှာ စက်တင်ဘာလ (၁)ရက်နေ့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ထိခိုက်မှုတွေရှိခဲ့ပါတယ်..။

ရဲကားကို YBS 42 ယာဉ်က ဝင်တိုက်မိတာကြောင့် ရဲဝန်ထမ်းအချို့ ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး YBS ယာဉ်မောင်းကို ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်..။

Photo Credit - Original Uploader
Photo Credit - Original Uploader

အဆိုပါယာဉ်တိုက်မှုကြောင့် ရဲကားရဲ့ ဘေးဘက် ချိုင့်ဝင်ပိန်သွားခဲ့ပြီး YBS ယာဉ်ကားအရှေ့ဘက်မှန်တွေကွဲကာ ပျက်စီးမှုတွေ များပြားခဲ့တာ တွေ့ရပါတယ်..။

​ယာဉ်တိုက်မှုမှာ ထိခိုက်ဒဏ်ရာရရှိသူတချို့ကို ဆေးကုသမှုခံယူစေခဲ့ပြီး ပြည်သူတွေဘေးကင်းကြစေဖို့ အားလုံးက စိတ်ပူနေကြတာလည်း ဖြစ်ပါတယ်..။

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader

လတ်တလောမှာတော့ ရန်ကုန်မြို့နယ်အပါအဝင် မြန်မာနိုင်ငံနေရာအနှံ့ပေါက်ကွဲမှုတွေ ဖြစ်ပွားနေပြီး ပြည်သူတွေကလည်း ကျီးလန့်စာစားစိုးရိမ်ထိတ်လန့်နေကြရတာ ဖြစ်ပါတယ်..။

ပေါက်ကွဲမှု၊ ခိုးဆိုးလုနှိုက်မှုတွေနဲ့ လူသတ်မှုတွေအထိပါ ရှိလာကြသလို အမျိုးမျိုးသော မသမာမှုတွေကြောင့်လည်း အစစအရာရာ သတိထားပြီး ဂရုစိုက်သွားလာနေကြရတာလည်းဖြစ်ပါတယ်..။

Photo Credit - Original Uploader
Photo Credit - Original Uploader
Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T