နေအိမ်မီးရှို့ခံခဲ့ရတဲ့အထိ ဆုံးရှုံးမှုတွေရှိခဲ့တာတောင် ဇွဲမလျော့ဘဲ တော်လှန်ရေးအတွက် ပါဝင်လှုပ်ရှားပေးနေဆဲဖြစ်တဲ့ ပြည်သူတစ်ဦး

//s9.kh1.co/de/dece8eb95d4e57cac2ab859bf3da47eaba3bb029.jpeg
နေ့စဉ်သတင်းများ

 ၀၂-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

အာဏာသိမ်းတာကို လက်မခံဘဲ ဆန့်ကျင်နေကြတဲ့ ပြည်သူများဟာ ဖေဖော်ဝါရီလအစကတည်းမှစပြီး လမ်းပေါ်ထွက်ကာ သူတို့ရဲ့ ရင်တွင်း ဆန္ဒတွေကိုထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။ အာဏာရှင်လူတစ်စုမှ အကြမ်းဖက်ခဲ့တာတွေရှိခဲ့ပေမယ့် အားမလျော့ဘဲ နေ့စဉ်ရက်ဆက် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ အာဏာသိမ်းမှုဖြစ်စဉ်ကြောင့်အပြစ်မဲ့တဲ့ ပြည်သူများစွာ အသက်ဆုံးရှုံးခဲ့ရပြီး အချို့မှာလည်း မိသားစုနဲ့ ဝေးရာမှာ တိမ်းရှောင်နေခဲ့ကြရတာဖြစ်ပါတယ်။

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 

မကြာသေးခင် နာရီပိုင်းလောက်က ပြည်သူတစ်ဦးရဲ့ လူမှုကွန်ယက်တွင် အမှန်တရားဘက်ကနေ မားမားမတ်မတ်ရပ်တည်ခဲ့တဲ့အတွက် ဆုံးရှုံးမှုတွေများစွာ ကြုံတွေ့ခဲ့ရတာတွေကို ရင်ဖွင့်ရေးသားလာတာ ဖြစ်ပါတယ်။ သူကိုယ်တိုင် ရန်ကုန်မြို့က ဆန္ဒပြပွဲတွေထဲမှာ နေရာအနှံ့မှတ်တမ်းဓာတ်ပုံရိုက်နေခဲ့တာဖြစ်တဲ့အတွက် အာဏာရှင်လူတစ်စုရဲ့ ရက်စက်မှုတွေကို မျက်မြင်ကြုံတွေ့ခံစားခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပုဂ္ဂိုလ်ရေးအရ မကျေနပ်ချက်များရှိသူများမှလည်း ကလောမြို့က သူ့ရဲ့အိမ်တစ်လုံး မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသေးတာ ဖြစ်ပါတယ်။ အာဏာရှင်လူတစ်စုမှ ပုဒ်မ ၅၀၅(က) နဲ့ ဖမ်းဝရမ်းထုတ်ခဲ့တဲ့အတွက် တစ်မိသားစုလုံး ဘေးကင်းရာသို့ တိမ်းရှောင်နေခဲ့ရပြီးဆုံးရှုံးမှုတွေများစွာ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 

ဘယ်လောက်ပဲ ဆုံးရှုံးမှုတွေများစွာရှိနေပါပစေ ဇွဲမလျော့ဘဲ တော်လှန်ရေးတိုက်ပွဲများအတွက် ကျရာအခန်းကဏ္ဍကနေ ပါဝင်ကူညီပေးနေဆဲ ဖြစ်ပါတယ်။ အားလုံးကလည်း စိတ်ဓာတ်မကျဖို့နဲ့ ဘေးကင်းရာမှာ ကျန်းမာရေးဂရုစိုက်ကြဖို့ ပြည်သူအချင်းချင်း အားပေးစကားများပြောထားကြတာကို comment များတွင် မြင်တွေ့ရပါတယ်။အရေးတော်ပုံအမြန်ဆုံးအောင်မြင်ဖို့ ပြည်သူများအားလုံး တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးကြဖို့ ပြောကြားရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Original Uploader 

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T