မိဘအုပ်ထိန်းသူ တစ်ယောက်မျှမပါဘဲ အထုပ်ကလေးဆွဲပြီး ဩစတေးလျကို တစ်ကိုယ်တည်း ရောက်လာတဲ့ အာဖဂန်က ကလေးမလေး

//s9.kh1.co/3e/3eb2facb0107c4f8ff31c0f2bdc04f6ede9e0d3e.jpg
နေ့စဉ်သတင်းများ

 ၀၁-စက်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

 တာလီဘန်တွေက အာဖဂန်နစ်စတန်နိုင်ငံရဲ့  မြို့တွေကိုအလျင်အမြန် သိမ်းပိုက်လာခဲ့တာကြောင့် အာဖဂန်ပြည်သူတွေဟာ နိုင်ငံကနေထွက်ပြေးဖို့ ကာဘူးလ်လေဆိပ်မှာ ကြိုးစားခဲ့ပါတယ်။အမေရိကန်စစ်တပ်ကလည်း ကာဘူးလ်လေဆိပ်ကို ထိန်းချုပ်ပြီး သိန်းနဲ့ချီ  ဒုက္ခရောက်နေတဲ့ အာဖဂန်ပြည်သူတွေကို ၎င်းတို့ရဲ့ C-17 သယ်ပို့လေယာဥ်များဖြင့် နိုင်ငံကနေ ကယ်ထုတ်ပေးခဲ့ပါတယ်။ နိုင်ငံကနေ ထွက်ပြေးတဲ့ အာဖဂန်ပြည်သူတွေဟာ အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့် ထွက်ပြေးခဲ့ကြသလို ထွက်ပြေးလာတဲ့ သူတွေထဲမှာ အမျိုးသမီးများနဲ့ ကလေးသူငယ်တွေ နည်းပါးခဲ့ကြောင်း သိရပါတယ်။

PhotoCredit - Original Upload 
PhotoCredit - Original Upload 

ယမန်နေ့က နိုင်ငံတကာရဲ့ သတင်းဖော်ပြချက်တွေမှာ အထုပ်ကလေးဆွဲပြီး လက်တစ်ဖက်က ဘောလုံးလေးပိုက်ထားတဲ့ ကလေးမလေးတစ်ယောက်ရဲ့ ပုံရိပ်တချို့ ဖော်ပြခဲ့ပါတယ်။ ဒီကလေးမလေးဟာ အာဖကန်ကနေ မိဘအုပ်ထိန်းသူတစ်ယောက်မျှမပါပဲ ဩစတေးလျနိုင်ငံကို တစ်ကိုယ်တည်းရောက်လာခဲ့သူပဲ ဖြစ်ပါတယ်။ အဆိုပါကလေးမလေးကို ဩစတေးလျ တာဝန်ရှိသူတွေက ကယ်ဆယ်ထားကြောင်း ဖော်ပြချက်အရ သိရပါတယ်။

PhotoCredit - Original Upload 
PhotoCredit - Original Upload 

ကလေးမလေးဟာ လက်ရှိ Hotel တစ်ခုမှာ ကွာရန်တင်းဝင်နေပြီး သူ့လိုပဲ Hotel ကွာရန်တင်းဝင်နေတဲ့ တစ်ကိုယ်တည်း ကလေး(၁၀)ယောက်နီးပါးလောက်လည်း ရှိတယ်လို့ ဆိုပါတယ်။ နောက်ရက်များမှာလည်း အဆိုပါ ကလေးတွေလိုမျိုး အုပ်ထိန်းသူမပါဘဲ ဩစတေးလျကို ပိုမိုရောက်ရှိလာမယ်လို့ တာဝန်ရှိသူတွေက ခန့်မှန်းထားခဲ့ကြပါတယ်။ တချို့ပြည်သူတွေကတော့ အဆိုပါကလေးမလေးဟာလေဆိပ်က ထွက်ပြေးလာနေရင်း မိဘများနဲ့ ကွဲကွာပြီး လေယာဥ်ပေါ်ပါလာခဲ့တယ်လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။

PhotoCredit - ABC
PhotoCredit - ABC

သတင်း အရင်းအမြစ်Source - ABC

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T