ရေဘေးဒဏ်ကြောင့် ပျက်စီးသွားတဲ့ စာသင်ကျောင်းများကို ပြန်လည်ပြုပြင်ရန်အတွက် မိုးရေထဲ ကိုယ်တိုင် အလှူငွေများ သွားရောက် လှူဒါန်းပေးခဲ့တဲ့ ဆရာတော်တစ်ပါး

//s9.kh1.co/78/78d697e80bcb6728e8b81311a98d36165b1de0b2.jpeg
နေ့စဉ်သတင်းများ

 ၀၁-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.......

မိုးတွင်းကာလမှာ သဘာဝ ဘေးအန္တရာယ်တွေကို ကြုံတွေ့ကြရတာ နှစ်စဉ် နှစ်တိုင်းပါပဲ ။ ဒီရက်ပိုင်းမှာဆိုရင်လည်း တောင်တန်း ဒေသတွေမှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီး ရေလျှံတာတွေ ၊ မြေပြိုကျတာတွေကို ဒေသခံတွေ အနေနဲ့ ရင်ဆိုင် နေကြရပါတယ် ။ ဒီလို အခြေအနေတွေမှာ စားဝတ်နေရေးအတွက်လည်း ခက်ခဲကြသလို အချို့ဆို သဘာဝဘေးအန္တရာယ်ကြောင့် အသက်ဆုံးရှုံးရတာတွေတောင် ရှိခဲ့တာ စိတ်မကောင်းစရာပါပဲ ။

Photo Credit : ရွှေပါရမီ ပညာဒါနFacebook Page 
Photo Credit : ရွှေပါရမီ ပညာဒါနFacebook Page 
Photo Credit : ရွှေပါရမီ ပညာဒါနFacebook Page 
Photo Credit : ရွှေပါရမီ ပညာဒါနFacebook Page 

ဒါကြောင့် ပရဟိတအသင်းတွေ ၊ ရဟန်းသံဃာတွေပါမက  ပြည်မက ပြည်သူတွေကလည်း ဒီလို အဖြစ်တွေကို မြင်တွေ့ရပြီး လူနာချင်း ကိုယ်ချင်းစာနာတာကြောင့် လှူဒါန်းမှုတွေ ပြုလုပ်ပေးလျက်ရှိပါတယ် ။ ငွေအများကြီး မတတ်နိုင်တဲ့ အချို့ကလည်း အလှူငွေများ စုပေါင်းကောက်ခံကာ လှူဒါန်းကြတာကိုတွေ့ရပါတယ် ။မြန်မာတွေရဲ့ သဒ္ဓါတရား ထက်သန်ပုံကတော့ အလှူပို့စ်လေး တစ်ခုတင်လိုက်တာနဲ့ နည်းသည် များသည် သဘောမထားဘဲ ဝိုင်းဝန်းလှူဒါန်းကြတဲ့ မြင်ကွင်းတွေက ကြည်နူးပီတိဖြစ်စရာပါပဲ။

Photo Credit : ရွှေပါရမီ ပညာဒါနFacebook Page 
Photo Credit : ရွှေပါရမီ ပညာဒါနFacebook Page 
Photo Credit : ရွှေပါရမီ ပညာဒါနFacebook Page 
Photo Credit : ရွှေပါရမီ ပညာဒါနFacebook Page 

အခုလည်း ပရဟိတ အလုပ်တွေကို လုပ်ဆောင်ပေးနေတဲ့ ဆရာတော်တစ်ပါးက မွန်ပြည်နယ် ကျိုက်မရော မြို့နယ်မှာ ရေးဘေးဒဏ်ကြောင့် ပျက်စီးသွားတဲ့ စာသင်ကျောင်းများကို ပြန်လည် ပြုပြင်ရန် အတွက် အလှူငွေများကို မိုးရေထဲ တစ်ကျောင်းပြီး တစ်ကျောင်း လိုက်လံ လှူဒါန်းပေးခဲ့တာကို တွေ့ရပါတယ် ။ တစ်ချို့နေရာတွေဆိုရင် ရေမကျသေးတာကြောင့် လှေနဲ့ ခက်ခဲစွာ သွားရောက် လှူဒါန်းနေတာကို တွေ့ရပါတယ် ။ ဆရာတော် ဘုရားရဲ့ ပရဟိတ စိတ်ကို လေးစား မိတာကြောင့် ပရိသတ်​ကြီး အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Photo Credit : ရွှေပါရမီ ပညာဒါနFacebook Page 
Photo Credit : ရွှေပါရမီ ပညာဒါနFacebook Page 
Photo Credit : ရွှေပါရမီ ပညာဒါနFacebook Page 
Photo Credit : ရွှေပါရမီ ပညာဒါနFacebook Page 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T