အင်အား များစွာနဲ့ လှုပ်ရှားမှု မျိုးစုံကို ဒီကနေ့အထိ ညီညီညွတ်ညွတ် ဆန္ဒထုတ်ဖော်လျက်ရှိနေတဲ့ ထိုင်းနိုင်ငံက ပြည်သူများ

//s9.kh1.co/fe/fe61110359583e9f16e6df9e7c28599ecaab7d4e.jpeg
နေ့စဉ်သတင်းများ

 ၀၁-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.....

ထိုင်းနိုင်ငံက ပြည်သူတွေကတော့ စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်ကို လိုလားကြတာမို့ ဆန္ဒထုတ်ဖော်မှုတွေကို အင်တိုက်အားတိုက် ပြုလုပ်လျက်ရှိပါတယ် ။ ထိုင်းရဲတွေကလည်း ဆန္ဒပြပွဲတွေကို အင်အားသုံးကာ ဖြိုခွင်းမှုတွေ ပြုလုပ်ခဲ့ကြသလို  ဖမ်းဆီးထိန်းသိမ်းသွားကြတာတွေကိုလည်း နိုင်ငံတကာ သတင်းတွေ ဗီဒီယိုတွေမှာ တွေ့ရပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 

ဒီလို ဖမ်းဆီးတာတွေ ရှိနေပေမယ့်လည်း ထိုင်းနိုင်ငံက ပြည်သူတွေအနေနဲ့ကတော့ အားမလျော့ဘဲ နေ့ရက်တိုင်း နည်းမျိုးစုံကို သုံးကာ ရင်ထဲက ဆန္ဒတွေကို ထုတ်ဖော်ပြသရင်း လှုပ်ရှားမှုတွေ ပြုလုပ်နေကြဆဲပါ ။ တစ်ယောက်နဲ့ တစ်ယောက်လည်း အရမ်း စည်းလုံးကြသလို ကူညီဖေးမရင်း လှုပ်ရှားမှုတွေကို အင်တိုက်အားတိုက် လုပ်နေကြတာ လေးစားစရာပါပဲ ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 

အခုလည်း ထိုင်းနိုင်ငံမှာ ဆိုင်ကယ် သပိတ် ၊ ကားသပိတ်နဲ့ အခြားသော လှုပ်ရှားမှုမျိုးစုံကို လူငယ်တွေ ဦးဆောင်ပြီး လမ်းမတွေ အထက်မှာ ဆန္ဒထုတ်ဖော်နေကြတာကို ပုံတွေထဲမှာ တွေ့မြင်ရမှာပါ ။ ပရိသတ်ကြီးအတွက် ထိုင်းနိုင်ငံက ပြည်သူ တွေရဲ့ လှုပ်ရှားမှု ပုံရိပ်တွေကို ပြန်လည်ဝေမျှပေးရင်း စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်ကို အမြန်ရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ။

Photo Credit : Original Uploader&nbsp;<br>
Photo Credit : Original Uploader 
Photo Credit : Original Uploader&nbsp;
Photo Credit : Original Uploader 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T