စက်တင်ဘာလရဲ့ပထမဆုံးနေ့မှာပဲ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တစ်မြို့လုံးရေကြီးသွားခဲ့တဲ့ ပြင်ဦးလွင်မြို့

//s9.kh1.co/5f/5f2906a5da552eac3d21abdbd1b1b2f99603d3fb.png
နေ့စဉ်သတင်းများ

 ၀၁-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

..

လက်ရှိကာလဟာ မိုးအကုန်ဆောင်းအကူးဖြစ်တာကြောင့် မိုးသည်းထန်စွာရွာသွန်းမှုတွေရှိနေပြီး တစ်ချို့နေရာတွေမှာ ရေကြီးရေလျှံမှုတွေဖြစ်နေခဲ့ပါတယ်။ ဒီနေ့စက်တင်ဘာ (၁) ရက်နေ့မှာတော့ ချမ်းအေးလွန်းတဲ့ မေမြို့မှာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး တစ်မြို့လုံးနီးပါး ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ ပါတယ်။ ပြည်သူအားလုံးရဲ့အပူသောကတွေလည်း ရွာသွန်းနေတဲ့ မိုးစက်တွေနဲ့အတူပါသွားပြီး အရင်လိုအေးချမ်းနေ့ရက်တွေပြန်ရောက်လာခဲ့ရင် အားလုံးပျော်ရွှင်ရမှာပါ။

Photo Credit - Pyae Phyo Kyaw 's FB Acc
Photo Credit - Pyae Phyo Kyaw 's FB Acc

သည်းထန်စွာရွာသွန်းခဲ့တဲ့မိုးရေစက်တွေကြောင့် ရေတက်နေတဲ့တစ်ချို့နေရာတွေကို ပြင်ဦးလွင်မြို့က ပြည်သူတစ်ဦးက ဗီဒီယိုမှတ်တမ်းယူပြီး လူမှုကွန်ယက်မှာ ဝေမျှခဲ့ပါတယ်။ နေရာအနှံ့မှာဖွေးဖွေးလှုပ်နေတဲ့ ရေပြင်ကြီးဟာ သည်းထန်လွန်းတဲ့မိုးစက်တွေရဲ့သက်သေပါပဲ။ မြို့ပေါ်မှာတောင် ဒီလောက်ရေတွေ တက်နေရင် တောထဲက PDF လူငယ်လေးတွေအတွက်တော့ ပိုပြီးခက်ခဲမယ်ဆိုတာ အသေအချာပါပဲ။ တစ်ချို့နေရာတွေမှာလည်း နေအိမ်အပေါ်ထိ ရေတက်နေခဲ့တယ်လို့လည်း မှတ်ချက်ရေးသားခဲ့ကြပါတယ်။

Photo Credit - Pyae Phyo Kyaw 's FB Acc
Photo Credit - Pyae Phyo Kyaw 's FB Acc

မကြာခင်မှာ မိုးလေကင်းလွတ်တဲ့သီတင်းကျွတ်ပွဲတော်ကိုရောက်ရှိတော့မှာဖြစ်ပြီး ပြည်သူတွေရဲ့ အပျော်တွေလည်း မဝေးတော့တဲ့နေ့ရက်တွေမှာ ရောက်ရှိလာနိုင်ဖို့ အားလုံးကမျှော်လင့်နေကြပါတယ်။ သည်းထန်လွန်းတဲ့မိုးရွာသွန်းမှုကြောင့် တစ်မြို့လုံးနီးပါး ရေတက်နေတဲ့ ပြင်ဦးလွင်မြို့ရဲ့မှတ်တမ်းဗီဒီယိုကို ပရိသတ်ကြီးလည်း ထပ်တူမြင်တွေ့ရအောင် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit - Pyae Phyo Kyaw 's FB Acc
Photo Credit - Pyae Phyo Kyaw 's FB Acc

သတင်း အရင်းအမြစ်Pyae Phyo Kyaw 's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T