အသက် (၁၂)နှစ်အရွယ်သာရှိသေးတဲ့ မြေးဖြစ်သူကို (၁)နာရီကျော်ကြာအောင် တူနဲ့ရက်ရက်စက် စက် ရိုက်နှက်ခဲ့တဲ့ အမျိုးသားတစ်ဦးရဲ့လုပ်ရပ်

//s9.kh1.co/89/8908b7450c948c50db4f4ee4d6d54937c62eb7d9.jpg
နေ့စဉ်သတင်းများ

 ၀၁-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

အသက် (၁၂)နှစ်အရွယ်သာရှိသေးတဲ့ မြေးဖြစ်သူကို (၁)နာရီကျော်ကြာအောင် တူနဲ့ရက်ရက်စက် စက် ရိုက်နှက်ခဲ့တဲ့ အမျိုးသားတစ်ဦးရဲ့လုပ်ရပ်

Wisconsin နိုင်ငံ၊ Milwaukee မြို့နေထိုင်တဲ့အမျိုးသားတစ်ဦးက အသက် (၁၂)နှစ်အရွယ်သာရှိသေးတဲ့ သူ့ရဲ့မြေးဖြစ်သူကို တူနဲ့ရိုက်သတ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ Andrez Martina ဆိုတဲ့ အဲ့ဒီအမျိုးသားက မြေးဖြစ်သူ Andre Smith ကို မိနစ် (၉၀)ကြာအောင် တူနဲ့ရိုက်နှက်ခဲ့တာ ဖြစ်ပါတယ် ။ အကြောင်းရင်းကတော့ သူ့ရဲ့ပိုက်ဆံအိတ်ထဲက ငွေတွေပျောက်ဆုံးနေတာနဲ့ပတ်သက်ပြီး မြေးဖြစ်သူကို အသက်သေဆုံးတဲ့အထိ ရက်ရက်စက်စက် ရိုက်သတ်ခဲ့တာပဲ ဖြစ်ပါတယ် ။

Photo Credit-Daily Mail UK
Photo Credit-Daily Mail UK

ပြစ်မှုကျူးလွန်သူ Martina က သူ့ရဲ့ပိုက်ဆံတွေရှာဖို့အတွက် အိပ်ပျော်နေတဲ့ မြေးဖြစ်သူကို မေးမြန်းမှုတွေပြုလုပ်ခဲ့ပေမယ့် ကလေးက ငွေတွေကိုသူမယူခဲ့ကြောင်း ငြင်းဆိုခဲ့တာ ဖြစ်ပါတယ် ။ အဲ့ဒီနောက်မှာ သူ့ရဲ့ပိုက်ဆံတွေကို ရှာမတွေ့တဲ့ Martina က အသိစိတ်ပျောက်ပြီး မြေးဖြစ်သူ Smith ကို လက်ကိုင်ရိုးရှည်တပ်ထားတဲ့ တူအပြင် Coat Rack တွေ၊ Mallet တွေနဲ့ပါ ရိုက်နှက်ခဲ့တာ ဖြစ်ပါတယ် ။ ကြောက်လန့်နေတဲ့ Smith က ရေချိုးခန်းထဲကိုပြေးဝင်ပြီး တံခါးကိုလော့ချခဲ့ပေမယ့် Martina က ရအောင်ဖွင့်ပြီး ထပ်မံနှိပ်စက်ခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Daily Mail UK
Photo Credit-Daily Mail UK
Photo Credit-Daily Mail UK
Photo Credit-Daily Mail UK

Martina က သူ့ရဲ့မြေးဖြစ်သူကို (၁)နာရီခွဲကြာအောင် ရိုက်နှက်နှိပ်စက်ခဲ့တာဖြစ်ကြောင်း Martina ရဲ့မိခင်က မျက်မြင်သက်သေအဖြစ် ထွက်ဆိုခဲ့တာ ဖြစ်ပါတယ် ။ နောက်တစ်နေ့မနက် (၁၀)နာရီ(၁၅)မိနစ်မှာတော့ ရိုက်နှက်ခံရတဲ့ဒဏ်ရာတွေကြောင့် အပြစ်မဲ့တဲ့ကလေးငယ်လေးက ဆေးရုံမှာပဲ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ မြေးဖြစ်သူကို အသက်သေဆုံးသည်အထိ ရိုက်နှက်နှိပ်စက်ခဲ့တဲ့ ပြစ်မှုကျူးလွန်သူ Andrez Martina က ရဲတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရပြီး တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ် ။

Source & Photo Credit-Daily Mail UK

Photo Credit-The Sun
Photo Credit-The Sun
Photo Credit-WISN 
Photo Credit-WISN 
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T