ခြေသံလုံဖို့လိုတဲ့ ပြောက်ကျားတော်လှန်ရေးကာလမှာ ပြည်သူတွေ ရှောင်ရှားရမယ့်အရာတွေကို ​ ​ဖွင့်ဟလာတဲ့ CDM ဗိုလ်ကြီးမင်းမောင်မောင်

//s9.kh1.co/49/49cb7cb2f7062e646bb9925484c77ab82af35243.jpg
နေ့စဉ်သတင်းများ

 ၀၁-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

ခြေသံလုံဖို့လိုတဲ့ ပြောက်ကျားတော်လှန်ရေးကာလမှာ ပြည်သူတွေ ရှောင်ရှားရမယ့်အရာတွေကို ​ ​ဖွင့်ဟလာတဲ့ CDM ဗိုလ်ကြီးမင်းမောင်မောင်

 CDMလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ နိုင်ငံ့ဝန်ထမ်းတွေ များစွာရှိနေခဲ့ပြီး ဗိုလ်ကြီးမင်းမောင်မောင်ဟာလည်း CDMလှုပ်ရှားမှုမှာ ပါဝင်ထားသူ တစ်ယောက်ပဲဖြစ်ပါတယ်။ ပထမတန်းခွဲစိတ်ပါရဂူတစ်ယောက်ဖြစ်တဲ့ CDMဗိုလ်ကြီးမင်းမောင်မောင်ဟာ အစောပိုင်းကာလတွေထဲက ပြည်သူတွေဘက်ကနေ ရပ်တည်ခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ဗိုလ်ကြီးမင်းမောင်မောင်ကတော့ နွေဦးတော်လှန်ရေးအောင်မြင်ဖို့အတွက် အားသွန်ခွန်စိုက်နဲ့ ကြိုးစားနေသူတစ်ယောက်ဖြစ်ပြီး ပြည်သူတွေစိတ်ခွန်အားဖြစ်စေမယ့် စာတွေကိုလည်း ရေးသားလေ့ရှိပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ယခုမှာတော့ CDMဗိုလ်ကြီးမင်းမောင်မောင်ဟာ ပြောက်ကျားတော်လှန်ရေးကာလမှာ ပြုလုပ်သင့်တဲ့ အရာတွေနဲ့  ပြည်သူတွေ ရှောင်ရှားရမယ့်အချက်တွေကို ​ ​စေတနာထားပြီး ပြောပြပေးလာခဲ့ပါတယ်။ ဗိုလ်ကြီးမင်းမောင်မောင်ကတော့ ဒီလိုအချိန်ကာလဟာ အချင်းချင်းအပြစ်တင်ရမယ့် အချိန်မဟုတ်ဘဲ ချစ်ခင်စည်းလုံးရမယ့်အချိန်ဖြစ်ကြောင်း၊ အကူအညီလိုတဲ့ PDFတပ်ဖွဲ့ဝင်တွေကို တတ်နိုင်သလောက် ကူညီလှူဒါန်းပေးသင့်ကြောင်း၊ရန်သူကို သတင်းပေးသလို ဖြစ်သွားစေနိုင်တဲ့ သတင်းတွေကို လူမှုကွန်ယက်ထက် မတင်သင့်ဘဲ ဆင်ခြင်သင့်ကြောင်း ဖွင့်ဟထားခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ရန်သူရဲ့ သတင်းအချက်အလက်တွေကို လူမှုကွန်ယက်ထက် တင်ပေးသင့်ကြောင်း၊ ဆဲစရာရှိတဲ့ ကိစ္စတွေကို ဆဲလို့ရပေမယ့် အချင်းချင်းတော့ စည်းလုံးစေချင်ကြောင်း၊ ပုန်းရမယ့် ကိစ္စတွေရှိလာရင်တော့ ရန်သူနဲ့ ထိပ်တိုက်မရင်ဆိုင်ဘဲ ပုန်းစေချင်ကြောင်း ဗိုလ်ကြီးက ပြောဆိုထားတာပဲဖြစ်ပါတယ်။ဗိုလ်ကြီးမင်းမောင်မောင်ကတော့ သွားနေတာက ပြောက်ကျား တော်လှန်ရေးဖြစ်တာကြောင့် ခြေသံလုံဖို့လိုကြောင်း၊ ရန်သူကို အမြဲလှည့်စားဖို့လိုကြောင်း၊ ရန်သူအင်အားများနေချိန် မတိုက်ဘဲ ရှောင်ရှားဖို့ လိုကြောင်း ဖွင့်ဟထားခဲ့တာပဲဖြစ်ပါတယ်။

Source:  Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T