ပီရူးမှာ လှေနဲ့ကုန်တင်သင်္ဘောတိုက်မှုကြောင့် လူပေါင်းများစွာသေဆုံး

//s9.kh1.co/a7/a79f7aaeee67fad2faf634363084b26ee7f59425.jpg
နေ့စဉ်သတင်းများ

 ၀၁-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

ပီရူးနိုင်ငံရဲ့ အကြီးဆုံးသစ်တော ဖြစ်တဲ့ အမေဇုန်ဒေသမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ ရက်နေ့က မြစ်တွင်းစီး လှေတစ်စီးနဲ့ ကုန်တင်သင်္ဘာတို့ တိုက်မိခဲ့တယ်လို့ သိရပါတယ်။

ဒီဖြစ်ရပ်ကတော့ မြူတွေ သိပ်သိပ်သည်းသည်းကျနေတဲ့ မနက် အရုဏ်တက်အချိန်မှာ ယူရိမာဂုအတ်စ်မြို့နားက ဟွယ်လာဂါမြစ်ထဲမှာဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=474,h=270,q=100/c5/c537590838de64666537b0ccb8196eb1e3bfcc52.jpg

ခရီသည်တွေအပြည့်တင်ထားတဲ့ လှေက ကုန်စည်တွေ တင်လာတဲ့ ဆွဲသင်္ဘောကို ဝင်တိုက်ခဲ့တာဖြစ်ပြီး ဒီဖြစ်ရပ်ကြောင့် သေဆုံးသူအနေနဲ့ ၂၀ ဦးထက်မနည်းရှိတယ်လို့ ကနဦးသတင်းတွေအရသိရပါတယ်။ ဒါ့အပြင် အခင်းဖြစ်ပွားရာနေရာမှာရှိတဲ့ လူအယောက် ၅၀ ကျော်ကလည်း ပျောက်ဆုံးနေသေးတာကြောင့် သေဆုံးသူဦးရေဟာ ထပ်တိုးလာနိုင်ဖွယ်ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=498,q=100/ba/ba3b3aa57c282198547e03f0b6e7870f96ebd4d5.jpg

ကယ်ဆယ်ရေးလုပ်သားတွေဟာ ပျောက်ဆုံးနေသူတွေကို နေ့ဘက်ရောညဘက်ရော ရှာဖွေခဲ့ကြပြီး တစ်ချို့တစ်ဝက်ကို တွေ့ရှိကယ်ဆယ်နိုင်ခဲ့တယ်လို့သိရပါတယ်။

အခင်းဖြစ်ပွားရာနေ့က ဒေသခံမီဒီယာတွေရဲ့ ဖော်ပြချက်ထဲမှာဆိုရင်လည်း ကယ်ဆယ်ရေးလုပ်သားတွေသယ်လာတဲ့ အလောင်းပုံတွေကိုလည်းတွေ့ရသလို မြစ်ကမ်းနဘေးမှာ ငိုကြွေးနေတဲ့ မိသားစုဝင်တွေနဲ့ အသက်ရှင်ကျန်ရစ်သူတွေကိုလည်း တွေ့ရပါတယ်။

https://s9.kh1.co/__image/w=359,h=393,q=100/a5/a5c896f74da40273f9db4d25651857a1d5b2edbb.webp
https://s9.kh1.co/__image/w=389,h=543,q=100/70/70b2ac5d319bec41bebf5abe901f98a9780ddec2.jpg

သတင်း အရင်းအမြစ်Reuters

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T