တိုကျိုမြို့၊မြေအောက်ရထားဘူတာအထွက်မှာ တက္ကသိုလ်အတူတူတက်ခဲ့ဖူးတဲ့ ဂျူနီယာရဲ့မျက်နှာကို အက်စစ်နဲ့ပက်ခဲ့တဲ့ တရားခံရဲ့ဖြစ်စဉ်

//s9.kh1.co/7b/7bb9aad6217817e4bbccab046269e658e5c41e61.jpeg
နေ့စဉ်သတင်းများ

 ၀၁-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

တိုကျိုမြို့၊မြေအောက်ရထားဘူတာအထွက်မှာ တက္ကသိုလ်အတူတူတက်ခဲ့ဖူးတဲ့ ဂျူနီယာရဲ့မျက်နှာကို အက်စစ်နဲ့ပက်ခဲ့တဲ့ တရားခံရဲ့ဖြစ်စဉ်

လွန်ခဲ့တဲ့ (၈)လပိုင်း (၂၄)ရက်နေ့မှာတော့ ဂျပန်စံတော်ချိန် ည (၉)နာရီ (၁၀)မိနစ်ခန့်တွင်  တိုကျိုမြို့ (minato ku takanawa Shiro kane taka nawa) မြေအောက်ရထားဘူတာအထွက် စက်လှေကားမှာ အသက် (၂၂)နှစ်အရွယ်အမျိုးသားကိုဦးတည်ပြီး sulphuric acid နဲ့ ပက်ခဲ့တာကြောင့် အသက် (၃၀)ဝန်းကျင်အမျိုးသမီးတစ်ဦးလည်းကြမ်းပြင်မှာကျနေတဲ့ အက်စစ်ရည်နဲ့ချော်လဲကာ ခြေထောက်လောင်သွားခဲ့ပါတယ်။အမျိုးသားကတော့ မျက်နှာမှာပြင်းထန်ဒဏ်ရာရသွားခဲ့ပြီး မျက်လုံးဖွင့်မရဘူးလို့သိရပါတယ်။

Photo Credit:PPJP & 0テレNEWS24 
Photo Credit:PPJP & 0テレNEWS24 
Photo Credit:PPJP & 0テレNEWS24 
Photo Credit:PPJP & 0テレNEWS24 
Photo Credit:PPJP & 0テレNEWS24 
Photo Credit:PPJP & 0テレNEWS24 

အက်စစ်နဲ့ပက်တဲ့တရားခံကို ဩဂုတ်လ (၂၈)ရက်နေ့ မနက်ပိုင်းတွင်၊(Okinawa)မှာ ဖမ်းမိခဲ့တာဖြစ်ပါတယ်။တရားခံကတော့ အသက် (၂၅)နှစ်အရွယ်ရှိပြီး Shizuoka မှာနေထိုင်တာဖြစ်ပါတယ်။ဂျပန်ရဲတွေကလည်း (၂၄)ရက်နေ့မှာ CCTV မှာပေါ်နေတဲ့ ပုံကို တရားခံအဖြစ်ကြေငြာခဲ့ပါတယ်။(၂၅)ရက်နေ့မှာတော့ တရားခံကို အထုတ်အပိုးတွေလွယ်ပြီး (Shizuoka)ဘူတာရဲ့ cctv ကနေ ထပ်မံတွေ့တာဖြစ်လို့ ဝရမ်းပြေးထုတ်ခဲ့တာဖြစ်ပါတယ်။

Photo Credit:PPJP & 0テレNEWS24 
Photo Credit:PPJP & 0テレNEWS24 
Photo Credit:PPJP & 0テレNEWS24 
Photo Credit:PPJP & 0テレNEWS24 
Photo Credit:PPJP & 0テレNEWS24 
Photo Credit:PPJP & 0テレNEWS24 

တရားခံက မိဘတွေလည်းမရှိတော့တာဖြစ်ပြီး အိမ်မှာတစ်ယောက်တည်းနေထိုင်တာဖြစ်ပါတယ်။သူ့ရဲ့အိမ်ကို အရင်ကတော့ တစ်ခါတလေ သူငယ်ချင်းတွေလာလည်ကြပြီး လတ်တလောမှာ ဘယ်သူမှမလာတာကိုတွေ့ရတယ်လို့အိမ်နီးနားချင်းတွေကထွက်ဆိုကြပါတယ်။အသက် (၂၂) အရွယ်လူငယ်လေးနဲ့ တရားခံတို့က (Okinawa) မှာတက္ကသိုလ်မှာအတူတူတက်ခဲ့ကြပြီး စီနီယာ၊ဂျူနီယာပတ်သက်မှုမျိုးရှိခဲ့ပါတယ်။ဒါ့ကြောင့် ဂျပန်ရဲတွေက လူငယ်လေးအပေါ် တစ်ခုခုရန်ငြိုးရှိလို့ အက်စစ်နဲ့ပက်တာဆိုပြီး ထင်မြင်ချက်ပေးကြတဲ့သတင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:PPJP & 0テレNEWS24 
Photo Credit:PPJP & 0テレNEWS24 
Photo Credit:PPJP & 0テレNEWS24 
Photo Credit:PPJP & 0テレNEWS24 
Photo Credit:PPJP & 0テレNEWS24 
Photo Credit:PPJP & 0テレNEWS24 

Source&Photo Credit:PPJP & 0テレNEWS24 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T