အာဏာရှင်လက်အောက်မှာ တိုင်းရင်းသားတွေ နှစ်ပေါင်းများစွာနှိပ်စက်ခံခဲ့ရတာကို အတိအကျပြောပြလာတဲ့ CDM ဗိုလ်ကြီး လင်းထက်အောင်

//s9.kh1.co/44/44f866da4b73507423b73bb5272fd3a2e5ef0289.png
နေ့စဉ်သတင်းများ

 ၃၁-သြ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

..

ပြည်ပမကြီးကပြည်သူတွေဟာ တိုင်းရင်းသားဒေသတွေမှာ နှိပ်စက်ခံနေရတာကို မသိကြသူတွေ များပါတယ်။ လက်ရှိအရေးအခင်းမှသာ ကိုယ်တိုင်ကြုံတွေ့ခဲ့ရပြီး အာဏာရှင်ရဲ့ရက်စက်မှုတွေကို မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရတာပါ။ ဒီလိုအဖြစ်ဆိုးတွေကို တိုင်းရင်းသားတွေဟာ ဆယ်စုနှစ်များစွာ ခံစားခဲ့ရတာပါ။ ဒီအဖြစ်အပျက်တွေ မသိခဲ့ကြတဲ့ ပြည်မကြီးကပြည်သူတွေဟာ ကိုယ်တိုင်ကြုံတွေ့ရတဲ့ အချိန်မှာတော့ အရမ်းကိုသွေးပျက်ခဲ့ပြီး တိုင်းရင်းသားတွေကို ဝန်ချတောင်းပန်ကာ တောင်ပေါ်မြေပြန့် ကြားမှာ စည်းလုံးမှုတွေ ပိုပြီးတိုးလာခဲ့ပါတယ်။

Photo Credit - Lin Htet Aung's FB Acc
Photo Credit - Lin Htet Aung's FB Acc

အာဏာသိမ်းမှုဖြစ်စဉ်မှာ ပြည်သူ့ဘက်တော်သားဖြစ်လာခဲ့တဲ့ ဗိုလ်ကြီးလင်းထက်အောင်ဟာ တိုင်းရင်းသားတွေ နှိပ်စက်ခံခဲ့ရတဲ့အကြောင်းကို သူ့ရဲ့လူမှုကွန်ယက်ကနေတဆင့် ပြောပြလာခဲ့ပါတယ်။ အာဏာရှင်ဟာ ယခင်ကတည်းကလည်းမကောင်းခဲ့သလို တိုးတက်စပြုလာတဲ့ (၂၀၁၀) ခုနှစ် နောက်ပိုင်းမှာလည်း တိုင်းရင်းသားတွေအပေါ် မကောင်းခဲ့ကြောင်းပြောပြလာခဲ့ပါတယ်။ အာဏာရှင်ကို ထောက်ခံသူတစ်ချို့သာ မျက်နှာသာပေးခံရတဲ့အခြေအနေတွေရှိခဲ့တယ်လို့လည်းဆိုပါတယ်။

Photo Credit - Lin Htet Aung's FB Acc
Photo Credit - Lin Htet Aung's FB Acc

အခုအရေးတော်ပုံဟာ အာဏာရှင်ကိုသာမက စနစ်ဆိုးတွေအားလုံးကို အပြီးအပြတ် တိုက်ထုတ်ရမယ့် အချိန်ဖြစ်ကြောင်းလည်းပြောခဲ့ပါသေးတယ်။ အမှန်တရားဖက်က ရပ်တည်မယ့် ဓမ္မဘက်တော်သားတွေကို ကြိုဆိုကြောင်းနဲ့ မတရားမှုကိုအားပေးကြသူတွေလည်း ပြတ်သားတဲ့စကားလုံးတွေနဲ့ အထိနာအောင် ပြောခဲ့ပါသေးတယ်။

Photo Credit - Lin Htet Aung's FB Acc
Photo Credit - Lin Htet Aung's FB Acc

သတင်း အရင်းအမြစ်Lin Htet Aung's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T