နိုင်ငံတကာစိုးရိမ်မှုရဲ့ ဗဟိုချက်ဖြစ်တဲ့ မြောက်ကိုရီးယားရဲ့ အဓိက နျူကလီးယားဓာတ်ပေါင်းဖိုများ ပြန်လည်လည်ပတ်နေကြောင်း တွေ့ရှိရတယ်လို့ IAEA မှပြောကြား

//s9.kh1.co/5e/5e01472e5640165957e3b68f17a02e0743905de9.jpg
နေ့စဉ်သတင်းများ

 ၃၁-သြ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ကနေ မြောက်ကိုရီးယားနိုင်ငံရဲ့ အဓိက နျူကလီးယားဓာတ်ပေါင်းဖို ပြန်လည်စတင်နေပုံရှိတယ်လို့ ကုလသမဂ္ဂအနုမြူဗုံး အေဂျင်စီကပြောပါတယ်။ အပြည်ပြည်ဆိုင်ရာအနုမြူစွမ်းအင်အေဂျင်စီ( IAEA ) ရဲ့ နှစ်စဉ်အစီရင်ခံစာအရ ပြုံယမ်း၏မြောက်ဘက် Yongbyon ရှိ မြောက်ကိုရီးယားရဲ့ အဓိကနျူကလီးယားအဆောက်အအုံးရှိ ဓာတ်ပေါင်းဖိုဟာ ပြန်လည်စတင်နေကြောင်း အစီရင်ခံခဲ့ပါတယ်။ ဓာတ်ပေါင်းဖိုဟာ အဆင့်မြင့်ယူရေနီယံနှင့် အတူ Nuclear လက်နက်များ တည်ဆောက်ရန်အဓိကပါဝင်ပစ္စည်းများနှစ်ခုအနက်မှ တစ်ခုဖြစ်တဲ့ ပလူတိုနီယမ်ကို ထုတ်လုပ်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/fd/fd72bc445a920abbefd162420e1b09804cbf26ed.jpg

ဖေဖော်ဝါရီလလယ်မှ ဇူလိုင်လ အစောပိုင်းအထိ Yongbyon ရဲ့ ဓာတ်ရောင်ခြည်ဓာတုဗေဒဓာတ်ခွဲခန်းများဟာ လည်ပတ်လျက် ရှိပါတယ်။ “ မြောက်ကိုရီးယားရဲ့နျူကလီးယားလုပ်ဆောင်ချက်တွေကဆက်ပြီးစိုးရိမ်စရာဖြစ်စေပါတယ် အဲ့အပြင် ဓာတ်ပေါင်းဖိုနှင့် ဓာတ်ရောင်ခြည်ဓာတုဗေဒဓာတ်ခွဲခန်းတို့ရဲ့ လည်ပတ်မှုတွေကလည်း အလွန်စိတ်အနှောင့်အယှက်ဖြစ်စေပါတယ် " လို့ IAEA ကပြောပါတယ်။ ၂၀၀၉ ခုနှစ်တုန်းက IAEA စစ်ဆေးရေးမှူးများ မြောက်ကိုရီးယားကနေ အထုတ်ခံရကတည်းက IAEA ဟာ Yongbyon (သို့မဟုတ်) မြောက်ကိုရီးယားရှိနေရာများကို ၀င်ရောက်စစ်ဆေးခွင့်မရှိပါဘူး။

https://s9.kh1.co/__image/w=650,h=366,q=100/61/6166131c45fa032b54f4686925a83fe6ec5c34eb.jpg

ဒါကြောင့် သူတို့ဟာ ဂြိုဟ်တုပုံရိပ်တွေနဲ့ မြောက်ကိုရီးယားရဲ့ Nuclear အစီအစဉ် တိုးတက်မှုတွေကို စောင့်ကြည့်နေလျက်ရှိတယ်လို့ ပြောခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ် (သူတို့ခေါ်တဲ့ နှလုံးသား) ဟာ နိုင်ငံတကာစိုးရိမ်ပူပန်မှုရဲ့ ဗဟိုချက်ဖြစ်ပါတယ်။ Yongbyon တွင်လက်နက်အဆင့်ပလူတိုနီယမ် (သို့မဟုတ်) အဆင့်မြင့် ယူရေနီယံတွေ ဘယ်လောက်ထုတ်လုပ်တယ်ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ ၂၀၁၈တုန်းက တောင်ကိုရီးယားရဲ့ ပြောဆိုချက်အရ မြောက်ကိုရီးယားမှာ နျူကလီးယားလက်နက် ၂၀ ကနေ ၆၀ အထိ ထုတ်လုပ်ထားနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=362,q=100/a3/a376a4c6501e19222528799fac4bf92f78dd521d.jpg
https://s9.kh1.co/__image/w=650,h=366,q=100/c6/c6563f940e4d192ceb05e444c5999a2cb38ef119.jpeg

မကြာသေးမီလက အမေရိကန်အနေနဲ့ မြောက်ကိုရီးယားအပေါ် ရန်လိုတဲ့မူဝါဒကို မရုပ်သိမ်းပါက သူတို့ရဲ့ နျူကလီးယားအစီအစဉ်ကို ချဲ့ထွင်မည်ဟု သတိပေးခဲ့ပါတယ်။ ယခုလအစောပိုင်းတွင်လည်း Kim ရဲ့ ဩဇာကြီးမားတဲ့ အစ်မ Kim Yo Jong က မြောက်ကိုရီးယားဟာ အမေရိကန်ရဲ့ ခြိမ်းခြောက်မှုများကို ပြင်းထန်စွာရင်ဆိုင်ရန် “ အတားအဆီးမရှိ ” အားပေးမည် ဖြစ်ကြောင်း ပြောဆိုခဲ့ပါသေးတယ်။ တောင်ကိုရီးယားပြန်လည်ပေါင်းစည်းရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Lee Jong-joo က တောင်ကိုရီးယားဟာ အမေရိကန်နှင့်အတူ မြောက်ကိုရီးယားရဲ့ နျူကလီးယားနှင့် ဒုံးကျည်လှုပ်ရှားမှုများကိုအနီးကပ်စောင့်ကြည့်နေကြောင်း တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဆိုးလ်မြို့ကနေ‌ မြောက်ကိုရီးယားရဲ့ နျူကလီးယား စက်ရုံများ ပြန်လည် လည်ပတ်‌ေနတာကို တွေရှိခဲ့ရတာနဲ့ ပတ်သက်ပြီး သူမဟာ ဘာမှမပြောခဲ့ပါဘူး။

https://s9.kh1.co/__image/w=650,h=366,q=100/2c/2cb0eb58e55585dcfddf8e16cebc18b79429f189.jpg
https://s9.kh1.co/__image/w=650,h=434,q=100/7d/7d9597518594f2aa63930d71db8bfa75c449d22f.jpeg

သတင်း အရင်းအမြစ်ABC news

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T