စားသောက်ရေးအခက်အခဲဖြစ်နေလို့ Online က မှာတဲ့အချိန်မှာ မျှော်လင့်မထားတဲ့ ဖြစ်ရပ်နဲ့ကြုံတွေ့ခဲ့ရတဲ့ PDF ရဲဘော်တစ်ယောက်

//s9.kh1.co/7f/7f495c8b4c44f782d404775e4e410b0806100584.png
နေ့စဉ်သတင်းများ

 ၃၁-သြ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

..

ပြည်သူ့တပ်သားတွေဟာ ပြည်သူတွေရဲ့ချစ်ခြင်းမေတ္တာကို အပြည့်အဝရထားတယ်ဆိုတာ PDF တပ်သားလေးတစ်ယောက်က သက်သေပြခဲ့ပါပြီ။ ဒုက္ခတွေများတဲ့တောထဲမှာ စားသောက်ရေးအဆင်မပြေ တာကြောင့် ရဲဘော်တွေစားချင်တဲ့ ဒံပေါက်ကို Online ပေါ်က မှာယူခဲ့ပါတယ်။ ငွေမရှင်းခင်မှာပဲ ပြည်သူတစ်ယောက်က ရဲဘော်လေးတွေစားချင်တဲ့ ဒံပေါက်ဖိုးကို ဝင်ရှင်းပေးသွားခဲ့ပြီး သူ့ရဲ့စေတနာကို ပြသခဲ့ပါတယ်။ ဒီဖြစ်ရပ်လေးကြောင့် ဝမ်းသာပီတိဖြစ်မိကြောင်းကို PDF ရဲဘော်တစ်ယောက်က သူ့ရဲ့လူမှုကွန်ယက်မှာ ဝေမျှလာခဲ့ပါတယ်။

Photo Credit - ဗိုလ်နဂါး's Fb Acc
Photo Credit - ဗိုလ်နဂါး's Fb Acc

ယခင်ရက်တွေက တောထဲက အသီးအရွက်တွေ ချောင်းထဲက ငါးလေးတွေရှာပြီး ဝမ်းရေးဖြေရှင်းခဲ့သလို ဘာမှရှာမရတဲ့အချိန်မှာလည်း မျှစ်တွေချိုးပြီး ဖြစ်သလို စားခဲ့ကြရပါတယ်။ ဒီလိုပင်ပန်းမှုတွေကို ရင်ဆိုင်ပြီး ပြည်သူ့အောင်ပွဲအတွက် ကြိုးစားနေတဲ့ သူ့ရဲ့ရဲဘော်တွေကို ကောင်းကောင်းစားစေချင်တဲ့စိတ်နဲ့ အခုလိုကျွေးခဲ့တာဖြစ်ပေမယ့် စေတနာရှင်တစ်ယောက်ရဲ့ ဒါနဟာ မစားရခင်မှာပဲ ပီတိတွေနဲ့ ဗိုက်ပြည့်သွားခဲ့မှာပါ။

Photo Credit - ဗိုလ်နဂါး's Fb Acc
Photo Credit - ဗိုလ်နဂါး's Fb Acc
Photo Credit - ဗိုလ်နဂါး's Fb Acc
Photo Credit - ဗိုလ်နဂါး's Fb Acc

PDF တပ်သားလေးကတော့ အခုလိုစေတနာနဲ့ကျွေးမွေးတဲ့ အလှူရှင်ကိုကျေးဇူးတင်ကြောင်းနဲ့ အားလုံးရဲ့ မေတ္တာကို ရင်ထဲမှာသိမ်းထားကြောင်းပြောပြခဲ့ပါသေးတယ်။ အရေးတော်ပုံကြီး ပြီးသွားတဲ့အချိန်မှာ အားလုံးနဲ့ပြန်ဆုံပြီး အမှတ်တရတွေကိုပြောပြချင်သေးတယ်လို့လည်း ပြောခဲ့ပါသေးတယ်။ တိုက်ပွဲတိုင်းမှာ အောင်နိုင်ပြီး ဘေးရန်ကင်းစွာနဲ့ ချစ်ခင်သူတွေဆီကို ပြန်လာနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

Photo Credit - ဗိုလ်နဂါး's Fb Acc
Photo Credit - ဗိုလ်နဂါး's Fb Acc

သတင်း အရင်းအမြစ်ဗိုလ်နဂါး's Fb Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T