NUG မှာလည်းလူ့အခွင့်အရေးဌာနရှိနေပြီဖြစ်တာကြောင့် နစ်နာသူများအတွက်ပြန်လည်တိုက်ယူပေးသင့်ကြောင်း ပြောလာတဲ့ ဗိုလ်ကြီးတစ်ဦး

//s9.kh1.co/0f/0f80347a2c66aa83277a11f10c3790aad26955e0.jpg
နေ့စဉ်သတင်းများ

 ၃၁-သြ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

CDM စစ်ဗိုလ်ကြီးတစ်ဦးအနေနဲ့ပြည်သူ့ဘက်ကရပ်တည်ခဲ့တဲ့ ဗိုလ်ကြီးညီသုတဟာ လက်ရှိအချိန်ထိလည်း အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ပါ၀င်နေပြီး အရေးတော်ပုံကြီးအောင်မြင်ဖို့အတွက် တစ်ဖက်တစ်လမ်းကနေ ပါ၀င်နေတာဖြစ်ပါတယ် ။ ဗိုလ်ကြီးညီသုတဟာ သူ့ရဲ့ ထင်မြင်ချက်တွေနဲ့ တပ်တွင်းကလွဲမှားတဲ့ ကိစ္စရပ်အချို့ကိုလည်း ပွင့်ပွင့်လင်းလင်းဝေဖန်ထောက်ပြလေ့ရှိတဲ့ သူတစ်ဦးဆိုလည်းမမှားပါဘူး.....။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

စစ်ကြောင်းချီတဲ့ မြို့ရွာဒေသတွေနဲ့ တိုင်းရင်းသားဒေသဘက်တွေမှာ စစ်တပ်ဘက်က Rape case ပြုလုပ်တယ်ဆိုတဲ့ အကြောင်းအရာနဲ့ပက်သက်ပြီးလည်း ဗိုလ်ကြီးညီသုတဟာ သူ့ရဲ့ Facebookစာမျက်နှာမှာ ပွင့်ပွင့်လင်းလင်းရေးသားလာပါတယ်။ တပ်တွင်း Rape case တွေဖုံးထားတာရှိပါက CDM စစ်သားတွေအနေနဲ့ ပြန်လည်ဖော်ထုတ်သင့်ကြောင်းနဲ့ Rape case ဆိုတာ လက်ခံနိုင်စရာမရှိတဲ့ ဆိုးရွားတဲ့ ကိစ္စဖြစ်ကြောင်းလည်းရေးသားထားပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader

NUG မှာလည်း လူ့အခွင့်အရေးဌာနရှိနေပြီဖြစ်တဲ့အတွက် နစ်နာသူတွေရဲ့ အခွင့်အရေးကိုပြန်လည်တိုက်ယူပေးသင့်ကြောင်း၊ Rape case ဆိုတာ ဖုံးကွယ်ထားရမယ့်ကိစ္စမဟုတ်ကြောင်းကို ဗိုလ်ကြီးဟာရေးသားထားပါတယ် ။ အပြင်မှာရောက်နေတဲ့ စစ်သားတွေရဲ့ အကူအညီဟာ အခုအချိန်မှာအရေးကြီးကြောင်းကိုလည်း ပြောထားတာတွေ့ရပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Nyi Thuta's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T