မိတ်ကပ်လိမ်းမထားတာတောင် သဘာ၀အတိုင်းလှတဲ့မျက်နှာလေးတွေကိုပိုင်ဆိုင်ထားကြတဲ့ ကိုရီးယားမင်းသမီး (၅)ဦး

//s9.kh1.co/bf/bf478d73ee774b02d507d3cd8bd8a934ce417644.jpg
ဖျော်ဖြေရေးများ

 ၂၅-သြ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

မိတ်ကပ်ပြင်ဆင်မှုဟာ လူတစ်ယောက်ရဲ့မျက်နှာသွင်ပြင်ကို များစွာပြောင်းလဲသွားစေနိုင်သလို တီဗီဖန်သားပြင်တွေထက်မှာလည်း မိတ်ကပ်ပြင်ဆင်ထားမှသာ ကင်မရာပေါ်မှာပုံရိပ်ကောင်းတွေထွက်လာနိုင်သလို ပြီးပြည့်စုံတဲ့အလှကိုပိုင်ဆိုင်တယ်လို့ ထင်ဟပ်စေနိုင်တာဖြစ်ပါတယ်။ ကိုရီးယားမင်းသမီးတိုင်းလိုလိုမှာလည်း ပြီးပြည့်စုံတဲ့ မိတ်ကပ်ပြင်ဆင်မှုတွေရှိကြပေမယ့် မိတ်ကပ်မပြင်ဆင်ပဲသဘာ၀အတိုင်း လှပချောမောကြတဲ့ မင်းသမီးတွေလည်းရှိကြပါတယ်။ ၎င်းတို့ထဲမှာမှ မင်းသမီး(၅)ဦးကိုဖော်ပြပေးချင်ပါတယ်။

No.1 Suzy

MissA အဖွဲ့‌၀င်ဟောင်းတစ်ဦးဖြစ်တဲ့ Suzyဟာလည်း သူမရဲ့သဘာ၀ဆန်တဲ့အလှတရားကြောင့် အတော်လေး နာမည်ကြီးတဲ့သူတစ်ဦးပါ။ သူမဟာ အဆိုတော်တစ်ယောက်အနေနဲ့ ပွဲဦးထွက်ခဲ့ပေမယ့် အခုအခါမှာတော့ အောင်မြင်တဲ့ မင်းသမီးတစ်ယောက်အနေနဲ့ ရပ်တည်နေပြီဖြစ်ပါတယ်။

Photo credit-Google
Photo credit-Google

No.2 IU

IU ကတော့ တောင်ကိုရီးယားရဲ့ နာမည်ကြီး solo artist တစ်ယောက်လည်းဖြစ်သလို မင်းသမီးတစ်ယောက်လည်းဖြစ်ပါတယ်။ IUရဲ့ အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းတဲ့မျက်နှာလေးကြောင့် Idolအချင်းချင်းကကို crushအနေနဲ့ သတ်မှတ်ခံရတဲ့သူလေးပါ။

Photo credit-Google
Photo credit-Google

No.3 Seo Yi Ji

It's okay not to be okay ဆိုတဲ့ ဇာတ်လမ်းတွဲမှာမြန်မာပရိသတ်တွေရဲ့ အားပေး၀န်းရံမှု အများအပြားရရှိခဲ့တဲ့ မင်းသမီးတစ်ယောက်ပါ။ မင်းသမီးSeo Ye Ji ရဲ့မိတ်ကပ်ပြင်ဆင်ထားခြင်းမရှိတဲ့ မျက်နှာလေးဟာလည်း အတော်လေးကြည့်ကောင်းပြီး စွဲမက်ဖွယ်ဖြစ်နေတာဖြစ်ပါတယ်။

Photo credit-Google
Photo credit-Google

No.4 Song Hye Kyo

အွန်စောလို့လူသိများကြတဲ့ Song Hye Kyoကတော့ မြန်မာပရိသတ်တွေနဲ့ ရင်းနှီးပြီးသား နာမည်ကျော်မင်းသမီးတစ်ဦးပါ။ သူမဟာ Worldwideအထိ ထိုးဖောက်နိုင်တဲ့ ကိုရီးယားမင်းသမီးချောတစ်ယောက်ဖြစ်ပြီး သဘာ၀ဆန်တဲ့ချစ်စရာမျက်နှာလေးအပြင် ကြည်လင်၀င်းပတဲ့ အသားအရည်လေးကိုပါ ပိုင်ဆိုင်ထားတဲ့သူလေးပါ။

Photo credit-Google
Photo credit-Google

No.5 Han So Hee

World of the Marriage ဆိုတဲ့ဇာတ်လမ်းတွဲနဲ့အောင်မြင်မှုရရှိခဲ့သလို လတ်တလောနာမည်ကြီးနေတဲ့ "Nevertheless" ဇာတ်လမ်းတွဲမှာလည်း နာဘီလို့လူသိများနေတဲ့ Han So Hee ရဲ့မိတ်ကပ်ပြင်ဆင်ထားခြင်းမရှိတဲ့ မျက်နှာလေးဟာလည်း တစ်ကယ်ကိုအပြစ်‌ဆိုစရာမရှိအောင် လှရက်လွန်းလှပါတယ်။

Photo credit-Google
Photo credit-Google

သတင်း အရင်းအမြစ်Twitter

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T