Korea industry မှာ idol အချင်းချင်း ချစ်သူဖြစ်သွားကြတဲ့ အနုပညာရှင်စုံတွဲတွေများစွာရှိကြပါတယ်။ တစ်ချို့စုံတွဲတွေကတော့ တရား၀င်ပရိသတ်တွေကိုအသိပေးကာ တွဲကြသလို တစ်ချို့ကလည်း privacy ဆန်ဆန်လျှို့ဝှက်စွာ တွဲကြတဲ့သူတွေလည်းရှိကြပါတယ်။ ဒီကနေ့မှာဆိုရင်လည်း တောင်ကိုရီးယားရဲ့ နာမည်ကြီးမိန်းကလေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Red velvetအဖွဲ့၀င် Joyနဲ့ Hip hop အဆိုတော်တစ်ယောက်ဖြစ်တဲ့ Crush တို့နှစ်ဦး တွဲနေပြီဖြစ်ကြောင်းသတင်းထွက်ရှိခဲ့ပါတယ်။
၎င်းတို့နှစ်ဦးဟာ မေလပိုင်းကသီချင်းခွေအတွက် အလုပ်အတူတူလုပ်ခဲ့ကြပြီး ခွေးလေးတွေလည်းရှိတာကြောင့် ခွေးလေးတွေရဲ့ပိုင်ရှင်အဖြစ်ကနေ သူတို့ရဲ့အချစ်ရေးအစပြုခဲ့ကြတာဖြစ်ပါတယ်....။
Crush ရဲ့ Entertainment ဖြစ်တဲ့ P Nation ကလည်း သူတို့နှစ်ဦးရဲ့အချစ်ရေးကိုတရား၀င်အတည်ပြုပေးခဲ့ပြီး Joy ရဲ့ Entertainment ဖြစ်တဲ့ SM Entertainment ကလည်း အတည်ပြုပေးခဲ့ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။
သတင်း အရင်းအမြစ်៖ Twitter