အချစ်စစ်ဆိုတာ တကယ်ရှိကြောင်းသက်သေပြနေကြတဲ့ ကိုရီးယားအနုပညာရှင်ချစ်သူစုံတွဲ (၅)တွဲ

//s9.kh1.co/ec/ec8464fb24c09e5f9714c3444b45abad90719e9b.jpg
ဖျော်ဖြေရေးများ

 ၂၀-သြ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

အနုပညာရှင်အချင်းချင်း လက်တွဲသွားကြတဲ့ တောင်ကိုရီးယားအနုပညာရှင်တွေများစွာရှိကြပါတယ်။ ပရိသတ်တွေကတော့ အားပေးရတဲ့အနုပညာရှင်ရဲ့ Dating သတင်းတွေထွက်ရှိလာတဲ့ အသည်းကွဲကြပေမယ့် နှစ်တွေကြာတဲ့အထိ လက်တွဲနေကြတာမြင်ရတဲ့အခါမှာလည်း ကြည်နူးအားကျကြတာ အမှန်ပဲဖြစ်ပါတယ်။ ပရိသတ်တွေ သဘောကျနှစ်သက်ကြတဲ့ နှစ်တွေကြာတဲ့အထိ လက်တွဲနေကြတဲ့ ကိုရီးယားအနုပညာရှင်စုံတွဲ (၅)ဦးကိုဖော်ပြပေးချင်ပါတယ်။

No.1 Rain and Kim Tae Hee

Rain နှင့် Kim Tae Hee တို့၏အချစ်ရေးကို Dispatchကနေ ၂၀၁၃ ခုနှစ်ဇန်နဝါရီ ၁ ရက်မှာထုတ်ဖော်ခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ လေးနှစ်အကြာမှာ လက်ထပ်ခဲ့ပြီး အခုဆိုရင်ကလေး ၂ ယောက်ရရှိနေပြီဖြစ်ပါတယ်။

Photo credit-Google
Photo credit-Google

No.2 Hyuna and Dawn

Hyuna နဲ့ Dawnတို့ဟာ 2016ခုနှစ်တည်းက တွဲခဲ့ကြတာဖြစ်ပြီး အနုပညာအလုပ်တွေလည်း အတွဲညီညီလုပ်ကိုင်နေကြကာ အခုဆိုရင်လည်း Entertainmentတစ်ခုတည်းအောက်မှာ အလုပ်လုပ်နေတာဖြစ်ပါတယ်။

Photo credit-Google
Photo credit-Google

No.3 Kim Woo Bin and Shin Min Ah

Kim Woo Binနဲ့ Shin Min Ahတို့စုံတွဲဟာ 2015ခုနှစ်တည်းက တွဲခဲ့ကြတာဖြစ်ပြီး Woo Bin ကင်ဆာရောဂါခံစားနေရတဲ့ ကာလတောက်လျှောက်မှာလည်း Shin Min Ahဟာ ဘေးနားကနေ တောက်လျှောက်အဖော်ပြုပေးခဲ့တာပါ။

Photo credit-Google
Photo credit-Google

No.4 Ryu Jun Yeol ‌and Hyeri

Ryu Jun Yeolနဲ့ Hyeri တို့ဟာ tvNရဲ့ Reply 1988‌ဆိုတဲ့ ဒရမ်မာမှာ စတင်တွေ့ဆုံခဲ့ကြတာဖြစ်ပြီး  2017ခုနှစ်မှာ သူတို့နှစ်ဦးတွဲနေပြီဖြစ်ကြောင်း ၀န်ခံခဲ့ကြတာဖြစ်ပါတယ်။

Photo credit-Google
Photo credit-Google

No.5 Girl Generation's Sooyoung and Jung Kyung Ho

Girl Generation အဖွဲ့၀င် Soo Youngနဲ့ မင်းသားချော Jung Kyung Hoတို့ဟာ (၈)နှစ်ကျော်ကြာ လက်တွဲနေကြတဲ့ ချစ်သူတွေဖြစ်ကြပါတယ်။

Photo credit-Google
Photo credit-Google

သတင်း အရင်းအမြစ်Twitter

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T