အချိန်မတန်ဘဲ ကြွေလွင့်သွားရတဲ့ (၄၄) လမ်းက သူရဲကောင်းတွေအတွက် ခံပြင်းလွန်းလို့ ရင်ဖွင့်လာတဲ့ ဗိုလ်ကြီးညီသုတ

//s9.kh1.co/ec/ec965eadfd1f72e99b671b1d8716ad24db178494.jpg
နေ့စဉ်သတင်းများ

 ၁၁-သြ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

..

မနေ့ကသြဂုတ်လ (၁၀) ရက်နေ့မှာ ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် (၄၄) လမ်းမှာ ဖြစ်ပွားခဲ့တဲ့ စိတ်မကောင်းစရာဖြစ်ရပ်ကြောင့် ပြည်သူတစ်ရပ်လုံးဟာ စိတ်နှလုံးထိခိုက်ကြေကွဲခဲ့ရပါတယ်။ မကြွေသင့်ဘဲကြွေသွားခဲ့ရတဲ့ ပန်းလေးတွေဟာ ကြွေသွားပေမယ့်မွှေးနေကြဆဲပါပဲ။ ဒူးမထောက် လက်မမြှောက် အညံ့မခံဘဲ ကိုယ့်အသက်ကို စတေးသွားတဲ့ သတ္တိကတော့ တကယ်ပြောင်မြောက်လွန်း ပါတယ်။ စိတ်မကောင်းစရာဖြစ်ရပ်ကတော့ ဘယ်တော့မှမေ့နိုင်တော့မှာမဟုတ်ပါဘူး။

Photo Credit - Rightful Owner
Photo Credit - Rightful Owner

ဒီကိစ္စနဲ့ပတ်သက်ပြီး ဗိုလ်ကြီးညီသုတဟာလည်း စိတ်မကောင်းဖြစ်ရတဲ့အကြောင်းကို သူ့ရဲ့လူမှုကွန်ယက်မှာရေးသားလာခဲ့ပါတယ်။ သူကိုယ်တိုင်လည်း ရန်ကုန်မှာ (၃) လ လောက် ပိတ်မိနေခဲ့ပြီး အဖမ်းမခံရအောင် တိမ်းရှောင်ရတဲ့အခြေအနေတွေရှိခဲ့ပြီး အဖမ်းခံမယ့်အစား အသေခံမယ်လို့ဆုံးဖြတ်ထားကြောင်း ပြောပြလာခဲ့ပါတယ်။ ဆုံးပါးသွားတဲ့လူငယ်တွေကို သနားသလို သူတို့လက်ထဲအညံ့ခံမယ့်အစား သေလိုက်တာပဲပိုကောင်းမယ်လို့ ကိုယ်တိုင်လည်း တွေးမိတယ်လို့ ဆိုပါတယ်။

Photo Credit - Nyi Thuta's FB Ac
Photo Credit - Nyi Thuta's FB Ac

မိမိကိုယ်ကိုယ်အဆုံးစီရင်တာမျိုးတော့မလုပ်သင့်ပေမယ့် ဖိနှိပ်ခံ အနိုင်ကျင့်ခံရတဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့မခံချင်စိတ်ကြောင့် ကိုယ်တိုင်လည်း အခုလိုလုပ်ရပ်တွေလည်း လုပ်ကောင်းလုပ်နိုင်မှာ ဖြစ်ကြောင်းနဲ့ ဆုံးပါးသွားတဲ့ သူရဲကောင်းတွေအတွက် ကိုယ်ချင်းစာပြီး စိတ်မကောင်းဖြစ်ကြောင်း ရေးသားခဲ့ပါတယ်။ အသက်နဲ့ရင်းနဲ့ အညံ့မခံလိုတဲ့စိတ်ဓာတ်ကို သက်သေပြသွားတဲ့ သူရဲကောင်းတွေလည်း ကောင်းရာဘုံဘဝမှာ အေးချမ်းကြပါစေလို့ ဆုတောင်းပေးပါတယ်။

Photo Credit - Nyi Thuta's FB Ac
Photo Credit - Nyi Thuta's FB Ac

သတင်း အရင်းအမြစ်Nyi Thuta's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T