ကိုဗစ်လူနာများ အောက်ဆီဂျင် ရရှိစေရေးအတွက် နေ့ရောညပါ တန်းစီပြီး ကူညီဖြေရှင်းပေးနေကြတဲ့ လေးစားစရာ လူငယ်လေးများ

//s9.kh1.co/8b/8ba8fff72a9dc1936a7078d5c704102b69c07fe7.jpeg
နေ့စဉ်သတင်းများ

 ၂၄-လိုင်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

......

 မျိုးဆက်သစ် လူငယ်တွေကတော့ နိုင်ငံရေးအခြေအနေတွေမှာလည်း ရှေ့ဆုံးကနေ ဦးဆောင်ပြီး အစစအရာရာ ပါဝင်ကာ တော်လှန်ခဲ့ကြသလို ခုလို ပြည်သူတွေ ကိုဗစ်ရောဂါဆိုးကြီးကို ရင်ဆိုင်နေရချိန်မှာလည်း လိုအပ်တာ မှန်သမျှကို သူတို့လေးတွေကပဲ နေ့ရော ညရော ကူညီပေးနေတာ တွေ့ရပါတယ် ။ ငယ်ရွယ်ပေမယ့် ကိုယ်ချင်းစာစိတ် အပြည့်နဲ့ တစ်ပါးသူကို ကိုယ်ကျိုးမကြည့်ဘဲ ကူညီပေးနေကြတာ တကယ်ကို လေးစားစရာပါ ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 

အစားအသောက်တွေ ၊ ဆေးဝါးတွေ လိုအပ်နေတဲ့ အိမ်တွေဆိုရင်လည်း လူငယ်တွေ စုပေါင်းပြီး သွားရောက်ပို့ဆောင်ပေးနေကြတာတွေကို တွေ့ရပါတယ် ။ အခုလည်း အောက်ဆီဂျင် လိုအပ်နေသူတွေ ၊တန်းစီပြီး မဖြည့်နိုင်တဲ့ သူတွေအတွက် လူငယ်တွေ စုပေါင်းပြီး နေ့ရော ညပါ ကူညီမှုတွေ ပေးနေတာတွေ့ရပါတယ် ။ လူနာတွေ အဆင်ပြေပြေနဲ့ အောက်ဆီဂျင် ရရှိစေရန် မိုးရွာရွာ နေပူပူ စိတ်စေတနာ အပြည့်နဲ့ ကြိုးစား တန်းစီးပေးနေကြတဲ့ ပုံရိပ်တွေက တကယ်လေးစားစရာပါ ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 

ဒီလို အများအတွက် အောက်ဆီဂျင်တန်းစီကာ ကူညီဆောင်ရွက်ပေးနေတဲ့ လူငယ်လေးတစ်ဦးကလည်း " ကျနော်တို့ညီအကိုတွေ အစွမ်းကုန်တက်နိုင်သလောက်ကြိုးစားပေးပါ့မယ်လို့ ဂတိပေးပါတယ်။ကျွန်တော်တို့ကို သနားရင် ကျန်းမာအောင်နေပေးကြပါ။" ဆိုပြီး သူရဲ့ ရင်ထဲက စကားလေးကို ရေးသားဖော်ပြထားရာ ဖတ်ပြီး ကြည်နူးပီတိဖြစ်မိတာ အမှန်ပါပဲ ။ ပရိသတ်ကြီးအတွက် ဒီလို မွန်မြတ်တဲ့ စိတ်ထားလေးတွေ ပိုင်ဆိုင်ထားကြတဲ့ လူငယ်လေးတွေရဲ့ အောက်ဆီဂျင်တန်းစီပေးနေကြတဲ့ ပုံရိပ်တွေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T