အင်းစိန်ထောင်မှ ကြွေးကြော်သံများ ထွက်ပေါ်ခဲ့ပြီးနောက် သံပုံးတီးသံတွေဟိန်းနေအောင် ပြန်လည်ကြားခဲ့ရတဲ့ ရန်ကုန်မြို့ရဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/22/22e435ca9c44cc262e7086405a6667960d1b64db.jpeg
နေ့စဉ်သတင်းများ

 ၂၄-လိုင်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.....

မြန်မာနိုင်ငံမှာ ရုတ်တရက် ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေး အခြေအနေတွေကြောင့် စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို လိုလားကြတဲ့ ပြည်သူတွေက မခံမရပ်နိုင်ဖြစ်ခဲ့ကြရပါတယ် ။ ဒါကြောင့်လည်း သူတို့ရဲ့ ယုံကြည်ချက်တွေကို ပြသဖို့ ပုံသဏ္ဌာန်မျိုးစုံ ဆန္ဒထုတ်ဖော်မှုတွေ ၊ ကြွေးကြော်သံတွေကို ဒီနေ့အထိ လှုပ်ရှားနေကြဆဲပါ ။ ညဘက်တွေဆိုရင်လည်း ၈ နာရီ ထိုးတာနဲ့ ရပ်ကွက်တိုင်း သံပုံးတွေတီးကာ ညီညီညွတ်ညွတ် လှုပ်ရှားခဲ့ကြတာ ကြက်သီးထစရာတွေပါပဲ ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 

နောက်ပိုင်း အဖမ်းအဆီးတွေ များလာသလို ညဘက်တွေ သံပုံးတီးတဲ့ အချိန်တွေမှာ အာဏာရှင် လူတစ်စုက အိမ်ပေါ်ကို တက်ရောက် ဖမ်းဆီးတာတွေ လုပ်လာတဲ့ အထိ တင်းကျပ်ခဲ့ပါတယ် ။ ဒါကြောင့် နေရာ တော်တော်များများမှာ သံပုံးတီး တာတွေလည်း သိသိသာသာလျော့ခဲ့ကြပါတယ် ။ ဒါပေမယ့် မနေ့က ညပိုင်းမှာတော့ ရန်ကုန်မြို့ရဲ့ နေရာအနှံ့အပြားမှာ သံပုံတီးသံတွေ ပြန်ထွက်ပေါ်လာခဲ့ပါတယ် ။

Photo Credit : Original Uploader
Photo Credit : Original Uploader

ဒီလို သံပုံးတီးသံတွေ ပြန်လည်ထွက်ပေါ်ခဲ့ရတဲ့ အကြောင်းကတော့ မနက်အစောပိုင်းက အကျဉ်းထောင်မှာ နိုင်ငံရေးသမားတွေရဲ့ သွေးသစ္စာသီချင်းကို သံပြိုင်ဆိုနေတဲ့ ကြွေးကြော်သံတွေကြောင့် လို့လည်း သိရပါတယ် ။ အကျဉ်းထောင်ထဲ ရောက်နေပေမယ့် ရဲဝင့်တဲ့ နိုင်ငံရေးသမားတွေရဲ့ စိတ်ဓာတ်ကတော့ တကယ်ကို လေးစားစရာတွေပါပဲနော် ။ ပရိသတ်ကြီးအတွက် သံပုံးတီးသံတွေ ဟိန်းနေအောင် ပြန်လည်ကြားခဲ့ရတဲ့ ရန်ကုန်မြို့ရဲ့ ဗီဒီယိုကို ဝေမျှပေးလိုက်ပါတယ် ။ 

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T