ဖြစ်ချင်တဲ့အရာနဲ့ အခုလက်ရှိ လုပ်နေရတာတွေ ကွဲပြားနေတဲ့အကြောင်းလေးကို ဗီဒီယိုဖိုင်ဖြင့် ပြသလာတဲ့ PDF ရဲဘော်တစ်ဦး

//s9.kh1.co/b8/b802f3a47c7afd4ab37f677fa0e60950cee13378.jpeg
နေ့စဉ်သတင်းများ

 ၂၄-လိုင်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

အမှန်တရားဘက်ကနေ ရပ်တည်နေကြတဲ့ လူငယ်တစ်ချို့ဟာ လက်ရှိအချိန်တွင် လွတ်မြောက်နယ်မြေများသို့ရောက်ရှိနေကြပြီ ဖြစ်ပြီး တော်လှန်ရေးတိုက်ပွဲများအတွက် ကြိုးစားပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။ သူတို့အားလုံးဟာ ပိုမိုတောက်ပတဲ့ အနာဂတ်သစ်တစ်ခုကို ဖန်တီးတည်ဆောက်ကြဖို့အတွက် မိသားစုဝင်များနဲ့ ခွဲခွာပြီး တောထဲတွင် ပင်ပန်းဆင်းရဲခံကာ နေထိုင်နေကြရတာ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်က လွတ်မြောက်နယ်မြေသို့ ရောက်ရှိနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးမှ ဖြစ်ချင်တဲ့အရာနဲ့ အခုလက်ရှိ လုပ်နေရတာတွေကွဲပြားနေတဲ့အကြောင်းလေးကို ဗီဒီယိုဖိုင်ဖြင့် ပြသလာခဲ့တာ ဖြစ်ပါတယ်။

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 

သူ့ရဲ့ အလုပ်ကတော့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားများရဲ့ အခွင့်အရေးတွေ ဆုံးရှုံးမှုမရှိရလေအောင် ကြိုးစားဆောင်ရွက်ပေးခဲ့သူ တစ်ဦးဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင် အာဏာသိမ်းခံလိုက်ရတဲ့အချိန်မှာတော့ ပြည်သူလူထုနဲ့အတူ ဓမ္မဘက်ကနေ ရပ်တည်ခဲ့ပြီး လက်ရှိအချိန်မှာတော့ အာဏာရှင်လူတစ်စုကိုအမြစ်ဖြတ်ချေမှုန်းဖို့အတွက် လွတ်မြောက်နယ်မြေတွင် စစ်သင်တန်း တက်ရောက်နေခဲ့တာ ဖြစ်ပါတယ်။ သူကိုင်ချင်တဲ့အရာကတော့ အလုပ်သမား လက်စွဲကိုင်စာအုပ်ဖြစ်ပြီး လက်ရှိ ကိုင်နေရတာကတော့ လက်နက်ကိုင်ပြီးတော်လှန်ဖို့ ပြင်ဆင်နေရတာ ဖြစ်ပါတယ်။

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 

တော်လှန်ရေး ပြီးသွားတဲ့ တစ်နေ့မှာတော့ သူ့ကို အလုပ်သမားရေးပြန်လုပ်ခွင့်ပေးပါလို့လည်း စိတ်မကောင်းစွာဖြင့်ရေးသားထားတာ ဖြစ်ပါတယ်။ ပြည်သူတွေကလည်း သူရေးထားတဲ့ စာလေးကို ဖတ်ကြည့်ပြီး ဝမ်းနည်းနေကြရပြီး အရေးတော်ပုံအောင်မြင်တဲ့အခါ  သူဖြစ်ချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ကို လျှောက်လှမ်းနိုင်ပါစေလို့ comment များတွင် ဆုတောင်းပေးထားကြတာ ဖြစ်ပါတယ်။ လွတ်မြောက်နယ်မြေများတွင် စစ်သင်တန်းတက်ရောက်နေကြသူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Original Uploader 

Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T