အလံဝါထောင်ထားတယ်ဆိုလို့ ကူညီဖို့သွားရင်း အိမ်ရောက်တော့မှ ရယ်ရခက်ငိုရခက် အဖြစ်နဲ့ ကြုံခဲ့ရတဲ့ လူငယ်လေးတစ်ဦး

//s9.kh1.co/18/185d511c10ed773ca685382266571f670ce987a1.jpeg
နေ့စဉ်သတင်းများ

 ၂၄-လိုင်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.....

လတ်တလောမှာ ပြည်သူတွေခမျာ တစ်အိမ်သားလုံး ရောဂါကူးစက်ကာ ဝေဒနာခံစားနေရသူတွေရှိလာတာကြောင့် အပြင်လည်း မထွက်နိုင်လို့ အစစအရာရာ အခက်အခဲတွေများစွာကို ရင်ဆိုင်နေရပါတယ် ။ ဒါ့ကြောင့် ခုဆိုရင် အခက်အခဲဖြစ်နေတဲ့ အိမ်တွေရဲ့ အရှေ့မှာ အစားအစာ လိုအပ်ရင် အလံ အဖြူ ထောင်ကြသလို ဆေးဝါးလိုအပ်ရင် အလံအဝါလေးထောင်ကာ အကူအညီတောင်းခံလာကြတာကိုတွေ့ရပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 

စေတနာရှင် ပြည်သူတွေကလည်း ဒီလို အလံထောင်ထားတဲ့ အိမ်တွေတွေ့ရင် အစားအစာတွေ ၊ ဆေးဝါးတွေကို အရောက်သွားပို့ကာ ကူညီလှူဒါန်းပေးနေကြတာကို လေးစားစွာတွေ့ရပါတယ် ။ တစ်ချို့ကလည်း အလံထောင်ထားတဲ့ အိမ်တွေတွေ့ရင် ကူညီပေးချင်စိတ်နဲ့ ပုံတွေရိုက်ကာ လူမှုကွန်ရက် စာမျက်နှာတွေပေါ်တင်ပေးကြပါတယ် ။ မနေ့ကဆိုရင်လည်း ဒီလိုအလံထောင်ထားတဲ့ အိမ်ကိုဖော်ပြပေးရင်း ချစ်စရာအလွဲလေးတစ်ခုနဲ့ ကြုံခဲ့ရတဲ့ အကြောင်း ပြောပြထားတဲ့ လူငယ်လေးတစ်ဦးရဲ့ ပို့စ်လေး ပျံ့နှံ့ခဲ့ပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 

အလံထောင်ထားတယ်ဆိုလို့ ကူညီဖို့ အိမ်ကိုသွားရင်း အိမ်နားရောက်တော့မှ အလံမတွေ့ရတဲ့အကြောင်းကို " ဒီနေ့အလံဝါထောင်ထားတယ်ဆိုတဲ့လိပ်စာတစ်ခုရောက်တော့ အလံကမရှိတော့ဘူး...အိမ်နည်းနည်းကောင်းနေပြီးပထမထပ်လေးဆိုတော့အော်ရှက်လို့မျာသိမ်းလိုက်တာလားမသိဘူးဆိုပြီး တက်မေးတော့…အန်တီကြီးက ..အဲ့ဒါအန်တီတို့အင်္ကျီလေးရေစိုသွားလို့လှမ်းမိတာတဲ့ သံပန်းပေါ်ပဲ ချိတ်လှန်းမိတာပါသားရယ် ဘယ်သူကဓာတ်ပုံရိုက်တင်လိုက်လည်းမသိပါဘူး မနေ့ကလည်းငှက်ပျောသီးတွေရော နွားနို့်တွေရောကောင်မလေးတစ်ယောက်လာပို့တာ မဟုတ်ပါဘူးပြောလဲမရဘူး အတင်းပေးသွားတယ်” တဲ့ ပြည်သူတွေတကယ်ချစ်ဖို့ကောင်းတာဗျာ အဲ့အန်တီကြီးကလည်းကိုယ်တွေကို သားတို့ကအဲ့လိုလိုက်ကူနေတာလားဆိုပြီးမုန့်တွေပြန်ကျွေးလိုက်သေးတယ် " ဆိုပြီး အကြောင်းစုံရေးသားဖော်ပြထားရာ ဖတ်ပြီး ပြုံးမိသလို ချစ်စရာလည်းကောင်းတာကြောင့် ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T