တံတားပေါ်ကနေခုန်ချဖို့ နည်းနည်းလေးပဲလိုတော့တဲ့အဒေါ်ကြီးကို ချော့ပြောပြီး ကယ်တင်ကာ အကြောင်းစုံကိုမေးမြန်းခဲ့ကြတဲ့ ပြည်သူတွေ

//s9.kh1.co/78/7864e06103aff28d34043777961eae8f4fa1a2b1.jpeg
နေ့စဉ်သတင်းများ

 ၂၄-လိုင်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

တံတားပေါ်ကနေခုန်ချဖို့ နည်းနည်းလေးပဲလိုတော့တဲ့အဒေါ်ကြီးကို ချော့ပြောပြီး ကယ်တင်ကာ အကြောင်းစုံကိုမေးမြန်းခဲ့ကြတဲ့ ပြည်သူတွေ

ပြည်သူတွေလည်း ဒီကာလမှာ စီးပွါးရေးရှာဖွေလို့မကောင်းပေမယ့်လည်း ဒုက္ခနဲ့ရင်ဆိုင်နေရသူတွေကိုတွေ့ရင်တတ်နိုင်သလောက်ကူညီပေးခဲ့ကြတာ ဖြစ်ပါတယ်။အခြေခံလူတန်းစားတွေအတွက်ကတော့ တစ်နေ့တာစားသောက်ဖို့အတွက်တောင် မနည်းရုန်းကန်နေရတဲ့အခြေအနေပဲဖြစ်ပါတယ်။ခက်ခက်ခဲခဲရုန်းကန်နေရတဲ့ တချို့အိမ်ထောင်စုတွေအတွက် ပြည်သူလူထုကလည်း ဆန်၊ဆီ၊ကြက်ဥနဲ့ အခြေခံစားသောက်ကုန်တွေကို အမြဲဝေငှနေတာဖြစ်ပါတယ်။

Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder

အခုဆိုရင်တော့ အဒေါ်ကြီးတစ်ယောက်က နောက်ဖက်ကန်းတံတားပေါ်ကနေ ခုန်ချဖို့ ကြိုးစားနေတာဖြစ်ပါတယ်။တံတားပေါ်ဖြတ်သွားတဲ့ပြည်သူတချို့က ခုန်ချတော့မယ့် အဒေါ်ကြီးကိုတွေ့သွားတာကြောင့် သွားရောက်တားဆီးခဲ့ပြီး အကြောင်းစုံကိုမေးမြန်းခဲ့တာဖြစ်ပါတယ်။အဒေါ်ကြီးက “စားစရာလည်းမရှိဘူး၊ဆေးဝယ်စရာလည်းမရှိဘူး”ဆိုပြီး ငိုယိုကာပြန်ဖြေခဲ့တာဖြစ်ပါတယ်။အဒေါ်ကြီးက တွန်းလှည်းနဲ့ဘူးခွံလိုက်ကောက်ကာအသက်မွေးဝမ်းကျောင်းပြုတယ်လို့ သိရပါတယ်။

Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder

စေတနာရှင်ပြည်သူတွေကလည်း ကိုယ့်ကိုယ်ကိုအဆုံးစီရင်တော့မယ့် အဒေါ်ကြီးရဲ့အခြေအနေကို နားလည်သွားပြီး ဆန်နဲ့ခေါက်ဆွဲခြောက်ထုတ်တွေပေးခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် အန်တီကြီးနေထိုင်တဲ့ အမှတ်(၇)ရပ်ကွက်ကိုလည်း အရောက်ပြန်ပို့ပေးလိုက်တာဖြစ်ပါတယ်။ရေထဲခုန်ချဖို့ နည်းနည်းလေးပဲလိုတော့တဲ့အချိန်မှာ အဒေါ်ကြီးကိုချော့ပြောပြီး အသက်တစ်ချောင်းကယ်တင်ခဲ့တဲ့ အမှတ်(၃)ရပ်ကွက် လူငယ်အဖွဲ့ရဲ့စေတနာကို လေးစားရင်းပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder<br>
Photo Credit:Original Uploder

Source&Photo Credit:Original Uploder

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T