သေဆုံးသူတွေများလာတာကြောင့် နာရေးကိုဆိုက်ကားနဲ့ချနေရတဲ့အထိ ဆိုးရွားနေတဲ့ရန်ကုန်မြို့ရှိ ရေဝေးပုံရိပ်များ

//s9.kh1.co/4b/4b92ee28fcceb242f5249073b3cd133ba9615060.jpg
နေ့စဉ်သတင်းများ

 ၂၃-လိုင်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

လက်ရှိမှာ Covid 19တတိယလှိုင်း ကူးစက်မှုတွေကြောင့် မြန်မာပြည်အတွင်း သေဆုံးသူလူနာများ တစ်နေ့တစ်ထက်တစ်နေ့ ပိုမို များပြားလာနေပြီ ဖြစ်ပါတယ်။

ကူးစက်မှုမြန်ဆန်လွန်းတဲ့ ရောဂါဆိုးကြီးရဲ့ ရိုက်ခတ်မှုတွေကြောင့် လူတန်းစားမရွေး သေဆုံးနေကြရသလို အများပြည်သူတွေလည်း စိုးရိမ်ထိတ်လန့်နေကြရတာဖြစ်ပါတယ်....။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

အောက်ဆီပြတ်တောက်မှုတွေမှုတွေအပြင် အောက်ဆီဂျင်ရရှိရန်ခက်ခဲမှုတွေကြောင့် မသေသင့်ဘဲ သေဆုံးနေကြရတာတွေကလည်း တော်တော်များများရှိနေတာ တွေ့ရပါတယ်။

ရန်ကုန်မြို့အပါအဝင် နိုင်ငံတစ်ဝှမ်း အများအပြားအသက်ဆုံးရှုံးနေကြရပြီး ရန်ကုန်တစ်မြို့ထဲမှာတင် တစ်ရက်တည်း လူထောင်ချီသေဆုံးနေတာကြောင့် သဂြိုလ်ဖို့ကိုတောင် တန်းစီစောင့်ဆိုင်းနေကြရတာကိုလည်း တွေ့ရပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

ဒီကနေ့မှာဆိုရင်လည်း ရန်ကုန်မြို့ရှိရေဝေးသုသာန်တွေမှာ အလောင်းတွေစုပုံနေပြီး နာရေးချဖို့တောင် ဆိုက်ကားနဲ့သယ်ယူချနေရတဲ့အထိ ဆိုးရွားနေတာတွေ့ရပါတယ်။ အခုလိုသေဆုံးနေရတဲ့ ပြည်သူ‌အတော်များများဟာ နိုင်ငံ‌ရေးအခြေအနေတွေကြောင့်မသေသင့်ပဲသေဆုံးသွားကြရတဲ့သူတွေအတော်များများပါ၀င်နေပါတယ်။ မြန်မာပြည်သူတွေရဲ့ဆင်းရဲဒုက္ခတွေအမြန်ဆုံး ချုပ်ငြိမ်းပါစေလို့ဆုတောင်းရင်း သတင်းအကြောင်းအရာတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Myanmarload

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T