သူမျှော်လင့်နေတဲ့ အရေးတော်ပုံအောင်ပြီး ဒီမိုကရေစီရောင်နီဦးသန်းလာချိန်ကိုတောင် မြင်ခွင့်မရလိုက်ဘဲ တိုက်ပွဲမှာ ကျဆုံးသွားခဲ့ရတဲ့ ရဲဘော်တစ်ဦး

//s9.kh1.co/de/dedaceb841ff40f79c9bf69d373e844657a8860c.jpeg
နေ့စဉ်သတင်းများ

 ၂၃-လိုင်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ဇူလိုင်လ (၂၂) ရက်နေ့ နေ့လည် (၁၂:၁၅) မိနစ်တွင် အာဏာရလက်နက်ကိုင်အဖွဲ့နှင့် CDF မင်းတပ်အဖွဲ့မှ ရဲဘော်များကြား တိုက်ပွဲ ဖြစ်ပွားခဲ့တာကြောင့် အသက် (၂၀) အရွယ်ဝန်းကျင်ရှိတဲ့ CDF ရဲဘော်တစ်ဦး ကျဆုံးသွားကြောင်း သတင်းရရှိပါတယ်။ အာဏာရလက်နက်ကိုင်အဖွဲ့အစည်းဟာ မကွေးတိုင်းဘက်ကနေ မင်းတပ်မြို့နယ်ရွှေအောင်သာရွာဘက်သို့ တက်လာတဲ့အချိန်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 

ကျဆုံးသွားတဲ့ ရဲဘော်လေးရဲ့ ကျန်ရစ်သူမိသားစုဝင်တစ်ဦးမှလည်း အခုလို ရုတ်တရက်ခွဲခွာသွားတဲ့အတွက် ပြောမပြတတ်အောင် ဝမ်းနည်းပူဆွေးနေရကြောင်း အခုလို ရေးသားထားတာ ဖြစ်ပါတယ်။ ရဲဘော်လေးရဲ့ မိခင်နဲ့အဒေါ်မှ သားဖြစ်သူ ကျဆုံးသွားတာသိသိချင်း အသံတစ်ချက်မှ တုန်ခြင်း၊ယိုင်ခြင်းမရှိဘဲ တိုင်းပြည်နဲ့ လူမျိုးအတွက် ပေးဆပ်ခဲ့တဲ့ သားအတွက် ဂုဏ်ယူနေခဲ့တာ ဖြစ်ပါတယ်။ သားရဲ့ နောက်ဆုံးခရီးကိုတော့ သေချာလေးဆောင်ရွက်ပေးပါလို့ မှာနေတာကိုလည်း အစ်မဖြစ်သူမှ ရေးသားထားတာ ဖြစ်ပါတယ်။ အရင်လိုမိသားစုတွေ လူမစုံတော့တဲ့အကြောင်းလေးကိုလည်း  ဝမ်းနည်းစွာဖြင့် ရင်ဖွင့်ပြောပြထားပါတယ်။

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 

" မင်းရဲ့ သံသယတွေကလည်း မှန်နေပြန်တယ် မင်းကိုဆုံးရှုံးတဲ့အတွက် ငါတို့ ပြောမပြတတ်အောင် ဝမ်းနည်းနေရတယ် ဒါပေမယ့် ငါတို့ဂုဏ်ယူနေပါတယ်မင်းရဲ့စတေးမှု အလကားမဖြစ်စေရပါဘူး 

ငြိမ်းချမ်းစွာ အနားယူပါ 22.7.2021

#RIP 

#CDF ကျဆုံးရဲဘော် " ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ဒီလူငယ်လေးရဲ့ လူမှုကွန်ယက်မှာလည်း ဇွန်လပိုင်းလောက်က " အရေးတော်ပုံပြီးလို့ ဒီမိုကရေစီရောင်နီဦးသန်းလာတဲ့အချိန်ကို ကျွန်တော်မြင်ခွင့်ရပါဦးမလား သံသရတွေ ဝင်မိတယ် " ဆိုပြီး ရေးသားထားတာကိုလည်း မြင်တွေ့ရပါတယ်။ တိုင်းပြည်အတွက် တာဝန်ကျေပွန်သွားတဲ့ CDF ရဲဘော်လေးလည်း ကောင်းရာမွန်ရာဘုံဘဝသို့ ရောက်ရှိပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကိုတင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Original Uploader 

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T