ယနေ့မနက်ပိုင်းမှာပဲ အင်းစိန်ထောင်အတွင်းကနေ ကြွေးကြော်သံတွေနဲ့အတူ သွေးသစ္စာသီချင်းကို သံပြိုင်သီဆိုနေတဲ့အသံတွေထွက်ပေါ်လာတဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/4c/4c27d782ffdb2268a58442748b950860651cf134.jpg
နေ့စဉ်သတင်းများ

 ၂၃-လိုင်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ယနေ့မနက်ပိုင်းမှာပဲ အင်းစိန်ထောင်အတွင်းကနေ ကြွေးကြော်သံတွေနဲ့အတူ သွေးသစ္စာသီချင်းကို သံပြိုင်သီဆိုနေတဲ့အသံတွေထွက်ပေါ်လာတဲ့ ဗီဒီယိုဖိုင်

အာဏာသိမ်း (၅) လကျော် ကြာမြင့်လာခဲ့ပြီးနောက် မြန်မာနိုင်ငံမှာ ဖမ်းဆီးခံခဲ့ရတဲ့ပြည်သူ (၆၅၇၁)ဦးခန့်ရှိခဲ့ပြီး (၅၃၃၃)ခန့်က ချုပ်နှောင်ခံထားရဆဲဖြစ်ကြောင်း AAPP ကကောက်ယူရရှိထားတဲ့ စာရင်းများအရ သိရပါတယ်။ ယခုလက်ရှိ ကိုဗစ်တတိယလှိုင်း စတင်ဖြစ်ပွားလာတဲ့အချိန်မှာ ဖမ်းဆီးချုပ်နှောင်ခံရတဲ့ ပြည်သူတွေရဲ့ကျန်းမာရေးကို သူတို့ရဲ့မိသားစုဝင်တွေက စိတ်ပူနေရတာပဲ ဖြစ်ပါတယ် ။ ယနေ့ ဇူလိုင်လ (၂၃)ရက်နေ့မှာတော့ အင်းစိန်ထောင်အတွင်းမှာ ထူးခြားဖြစ်စဥ်တစ်ခု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ယနေ့မနက်အစောပိုင်းမှာပဲ အင်းစိန်ထောင်အတွင်းကနေ ကြွေးကြော်သံတွေ ထွက်ပေါ်လာကြောင်း ပြည်သူတစ်ဦးက ဗီဒီယိုရိုက်ပြီး မျှဝေထားတာ ဖြစ်ပါတယ် ။ လူမှုကွန်ယက်စာမျက်နှာထက်မှာ ပျံ့နှံ့နေတဲ့ ဒီဗီဒီယိုဖိုင်မှာတော့ အင်းစိန်ထောင်အတွင်းက ဆန္ဒထုတ်ဖော်သံတွေကို အတိုင်းသားကြားနေတာပဲ ဖြစ်ပါတယ် ။ တစ်ပြိုင်နက်တည်း ကြွေးကြော်သံတွေနဲ့အတူ သွေးသစ္စာသီချင်းကိုပါ သံပြိုင်သီဆိုနေတဲ့ အသံတွေ ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

အဲ့ဒီနောက်မှာတော့ အင်းစိန်ထောင်အတွင်းကို စစ်ကားတွေဝင်သွားတာ တွေ့ရကြောင်း ဒီဗီဒီယိုဖိုင်တွေကို မျှဝေခဲ့တဲ့သူကပဲ ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။ ပြည်သူတွေကလည်း ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့သူတွေအားလုံး ဘေးအန္တရာယ်ကင်းကင်းနဲ့ရှိနေဖို့အတွက် အပြင်ကနေ ဝိုင်းဝန်းဆုတောင်းပေးနေကြတာ ဖြစ်ပါတယ် ။ ယနေ့မနက်ပိုင်းက အင်းစိန်ထောင်အတွင်းကနေ ကြွေးကြော်သံတွေထွက်ပေါ်လာချိန်မှာ အမိအရရိုက်ကူးနိုင်ခဲ့တဲ့ မှတ်တမ်းဗီဒီယိုဖိုင်တွေကို ပြန်လည်ဖော်ပြပေစလိုက်ပါတယ်။

Source & Video Credit-Original Uploader 

Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T