နေမကောင်းတာကြောင့် ဆေးခန်းလာပြရင်း ထိုင်ခုံလေးပေါ်မှာ အသက်သေဆုံးသွားခဲ့ရတဲ့ လားရှိုးမြို့က ပြည်သူတစ်ဦးရဲ့ကြေကွဲစရာဖြစ်ရပ်

//s9.kh1.co/60/60d0c104ea72e7547a36f638b567f89bed5c37ec.jpg
နေ့စဉ်သတင်းများ

 ၂၂-လိုင်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

နေမကောင်းတာကြောင့် ဆေးခန်းလာပြရင်း ထိုင်ခုံလေးပေါ်မှာ အသက်သေဆုံးသွားခဲ့ရတဲ့ လားရှိုးမြို့က ပြည်သူတစ်ဦးရဲ့ကြေကွဲစရာဖြစ်ရပ်

ကိုဗစ်ရောဂါကူးစက်ခံရမှုတွေ၊အောက်ဆီဂျင်မရရှိမှုတွေ၊ စားဝတ်နေရေးခက်ခဲမှုတွေနဲ့ လူအများအပြားအသက်သေဆုံးမှုတွေကြောင့် မြန်မာပြည်သူတွေဟာ စိတ်မချမ်းမသာဖြစ်နေကြရပါတယ်။ ခင်မင်ရင်နှီးရသူတွေ၊မိသားစုဝင်တွေ၊သူငယ်ချင်းအပေါင်းအသင်းတွေ၊အခက်အခဲတွေများစွာနဲ့ အသက်သေဆုံးခဲ့ရတဲ့သူတွေရဲ့ နာရေးသတင်းတွေကို ပြည်သူတွေဟာ နေ့စဥ်နဲ့အမျှကြားနေရပြီး သွားလာလှုပ်ရှားရင်း ပြည်သူအချို့ဟာလည်း လဲကျသေဆုံးလျက်ရှိနေကြပါတယ်။ ယနေ့Julyလ(22)ရက်နေ့မှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိုးမြို့မှာ ထိတ်လန့်စရာကောင်းတဲ့ ကိစ္စတစ်ခုဖြစ်ပွားခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

အကြောင်းကတော့ နေမကောင်းဖြစ်တာကြောင့် ဆေးခန်းလာပြတဲ့ အမျိုးသားတစ်ဦးဟာ ဆေးခန်းပြဖို့ထိုင်စောင့်နေရင်း အသက်သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ အဆိုပါကွယ်လွန်သူအမျိုးသားက လားရှိုးမြို့၊ (၇)ရပ်ကွက်၊လုံလော့စျေးနားက ဆေးခန်းမှာ ဆေးလာပြရင်း ဆေးခန်းကချပေးထားတဲ့ ထိုင်ခုံလေးပေါ်မှာပဲ ဆုံးပါးသွားခဲ့တာဖြစ်ကာ ပြည်သူတွေကတော့ အဆိုပါအဖြစ်အပျက်လေးကို ကြည်ပြီး စိတ်မကောင်းဖြစ်နေကြပါတယ်။ အဆိုပါဆုံးပါးသွားသူရဲ့ ရုပ်အလောင်းကိုတော့ ကိုဗစ်ရောဂါစည်းမျည်းစည်းကမ်းအတိုင်း သဂြိုလ်ပေးခဲ့ကြောင်း သိရှိရပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

လားရှိုးမြို့က ပြည်သူတစ်ဦးကတော့ " (22.7.2021-)ရက်နေ့မနက်ပိုင်းရပ်ကွက် (7) လုံလော့စျေးနားတွင်ဆေးခန်းလာပြရင်းသေဆုံးသွားပါသဖြင့် Covid-19 ရောဂါစည်းမျဉ်းစည်းကမ်းအတိုင်း Covid-19 Operation Team သံသယလူနာသဂြိုဟ်ရေးအဖွဲ့ခွဲပေးသောလက်လူမှုကူညီရေးအသင်းမှသွားရောက်သယ်ဆောင်မီးသဂြိုဟ်ပေးခဲ့ပါတယ်ခင်ဗျာ Covid-19 Operation Team Lashio " ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။အခုလိုသွားလာလှုပ်ရှားရင်းနဲ့တောင် အသက်သေဆုံးမှုတွေရှိနေတာကြောင့် ပြည်သူတွေအနေနဲ့ တတ်နိုင်သမျှအပြင်မထွက်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ 

Source: Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T