ဖမ်းဆီးခံထားရတဲ့ မောင်လျှံဖြိုးအောင်ရဲ့ မွေးနေ့မှာ လက်ဆောင်အဖြစ် သူမရဲ့မျက်ကြည်လွှာတစ်ဖက်ကိုရက်ရက်ရောရောလှူဒါန်းချင်တဲ့ မိန်းကလေးတစ်ဦး

//s9.kh1.co/c3/c3471db937f88e44b5b691243681784329e0f807.jpeg
နေ့စဉ်သတင်းများ

 ၂၂-လိုင်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

ဖမ်းဆီးခံထားရတဲ့ မောင်လျှံဖြိုးအောင်ရဲ့ မွေးနေ့မှာ လက်ဆောင်အဖြစ် သူမရဲ့မျက်ကြည်လွှာတစ်ဖက်ကိုရက်ရက်ရောရောလှူဒါန်းချင်တဲ့ မိန်းကလေးတစ်ဦး

မကွေးအကျဉ်းထောင်ထဲမှာ ပုဒ်မ၅၀၅(က)နဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မောင်လျှံဖြိုးအောင်ကတော့ ကိုယ်လက်အင်္ဂါမစုံလင်တော့ပေမယ့် အားတင်းပြီးရင်ဆိုင်နေတာဖြစ်ပါတယ်။မောင်လျှံဖြိုးအောင်က ဘေးလူကူညီပေးမှ ထိုင်နိုင်၊ထနိုင်တဲ့ အခြေအနေဖြစ်လို့ ထောင်ထဲမှာ ဘယ်လိုများနေမလဲဆိုပြီး မိသားစုဝင်တွေကလည်း စိတ်ပူနေရတာဖြစ်ပါတယ်။ဒါ့အပြင် ဆေးကုသဖို့လည်း အမြန်လိုအပ်နေတာကြောင့် သူ့ရဲ့မိသားစုဝင်တွေနဲ့ ပြည်သူတချို့က အသနားခံစာရေးပြီး သက်ဆိုင်ရာနေရာကို တင်ထားကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

မောင်လျှံဖြိုးအောင်ရဲ့ ဖခင်ဖြစ်သူကလည်း သူ့ရဲ့သားငယ်လေးအတွက် နေ့ရောညပါ စိတ်ပူနေရတာဖြစ်ပါတယ်။သားငယ်လေးရဲ့ ညာဘက်မျက်လုံးကလည်း အစားထိုးကုသဖို့လိုအပ်တဲ့အပြင် ကိုယ်လက်အင်္ဂါတွေအတွက် လေ့ကျင့်ခန်းတွေလည်းလုပ်ရဦးမယ်လို့သိရပါတယ်။မောင်လျှံဖြိုးအောင်ကတော့ နွေဦးတော်လှန်ရေးမှာတစ်တပ်တစ်အားပါဝင်ခဲ့ပြီး ခန္ဓာကိုယ်အကောင်းအတိုင်းပြန်မဖြစ်တော့တာကြောင့် ပြည်သူတွေကလည်း သူ့အတွက်စိတ်မကောင်းဖြစ်နေရတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဒီနေ့ဆိုရင် မောင်လျှံဖြိုးအောင်ရဲ့ (၂၃)နှစ်ပြည့် မွေးနေ့ဖြစ်လို့ သူ့အတွက်မွေးနေ့လက်ဆောင်အဖြစ် နောက်ထပ်မိန်းကလေးတစ်ဦးက မျက်ကြည်လွှာလှူချင်ပါတယ်ဆိုပြီး ပြောလာတာဖြစ်ပါတယ်။မောင်လျှံဖြိုးအောင်က ကိုယ်လက်အင်္ဂါတွေလည်း ဆုံးရှုံးထားရတာဖြစ်လို့ မျက်လုံးလေးပြန်မြင်ရဖို့အတွက် စေတနာရှင်မိန်းကလေးကသဒ္ဓါတရားထက်သန်နေတာပဲဖြစ်ပါတယ်။သူမကတော့ “မျက်စိတစ်ဖက်ပဲရှိရင်ရပါပြီ”ဆိုပြီး စေတနာပြည့်ဝလွန်းတဲ့ မိန်းကလေးရဲ့စိတ်ဓာတ်ကို လေးစားမိလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit:Original Uploder

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T