အသက်ကိုရင်းပြီး ပရဟိတအလုပ်တွေကို စွန့်စွန့်စားစားလုပ်ဆောင်ရင်း ကိုဗစ်ကူးစက်ခံခဲ့ရပြီး အောက်ဆီဂျင်အရေးပေါ်လိုအပ်နေတဲ့ မရွှေကြာ

//s9.kh1.co/be/be3e4f57fd03313c6938158afac1a3fc1c28a892.jpg
နေ့စဉ်သတင်းများ

 ၂၂-လိုင်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

အသက်ကိုရင်းပြီး ပရဟိတအလုပ်တွေကို စွန့်စွန့်စားစားလုပ်ဆောင်ရင်း ကိုဗစ်ကူးစက်ခံခဲ့ရပြီး အောက်ဆီဂျင်အရေးပေါ်လိုအပ်နေတဲ့ မရွှေကြာ

ကိုဗစ်တတိယလှိုင်းမှာ ပြည်သူတွေဟာအကူအညီမဲ့စွာနဲ့နေ့စဥ်အသက်သေဆုံးလျက်ရှိနေတာကြောင့် ပရဟိတသမားတွေဟာ နေ့မနားညမနားဘဲ အစာအငတ်ခံ၊အပင်ပန်းခံပြီး ပြည်သူတွေကို တတ်နိုင်သလောက်ကူညီပေးနေကြပါတယ်။ ကိုဗစ်ရောဂါကူးစက်ခံရမှာကို ကြောက်ကြပေမယ့်လည်း ရဲရဲရင့်ရင့်နဲ့ကူညီပေးနေကြတဲ့ ပရဟိတသမားတွေကို ပြည်သူတွေက ချီးကျူးနေကြပါတယ်။အသက်ကိုစွန့်ပြီး ပြည်သူတွေကို တက်စွမ်းနိုင်သမျှကူညီပေးနေတဲ့ ပရဟိတသမားတွေထဲ မရွှေကြာအမည်ရှိတဲ့ အမျိုးသမီးပရဟိတသမားတစ်ယောက်လည်းပါဝင်ပါတယ်။သူမကတော့ မိန်းကလေးဖြစ်ပေမယ့် ယောကျာ်းလေးတွေနဲ့ ရင်ဘောင်တန်းပြီး ပရဟိအလုပ်တွေကိုလုပ်ကိုင်နေတာဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ယခုမှာတော့ ပရဟိတအလုပ်တွေကိုကြိုးကြိုးစားစားလုပ်ဆောင်ခဲ့တဲ့ မရွှေကြာတစ်ယောက် ကိုဗစ်ရောဂါကူးစက်ခံရပြီး အောက်ဆီဂျင်အရေးပေါ်လိုအပ်နေခဲ့ပါတယ်။အသက်ကိုတောင်ရင်းပြီး ပရဟိတအလုပ်တွေကို စွန့်စွန့်စားစားလုပ်ဆောင်ခဲ့တဲ့ မရွှေကြာအတွက် ပြည်သူတွေက စိတ်ပူနေကြပြီး ကျန်းမာရေးပြန်ကောင်းလာစေဖို့ ဆုတောင်းမှုတွေပြုလုပ်ပေးနေကြပါတယ်။ မရွှေကြာတစ်ယောက် အောက်ဆီဂျင်ပေးစက်အရေးပေါ်လိုအပ်နေကြောင်းကို ဘုန်းဘုန်းအရှင်စန္ဒာဇောတိက လူမှုကွန်ယက်စာမျက်နှာထက်မှာ တင်ပြီး အကူအညီတောင်းခံလာခဲ့တာဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

အရှင်စန္ဒာဇောတိကတော့ " ပရဟိတနဲ့ အစွမ်းကုန် ကူညီပေးနေတဲ့ မရွှေကြာအတွက် အောက်ဆီဂျင်အကူအညီပေးကြပါဦး မရွှေကြာ ဖုန်းအကုန်ပိတ်ထားပါတယ် ။ အောက်စီဂျင်ကမပြတ်ရှူ နေရတယ်၊ 5l စက်တစ်လုံးထားပေးပေမယ့် မီးကမမှန်တော့ အိုး မကူလို့မရဖြစ်နေတယ်။ ဦးဇင်းနဲ့ခနတွေ့တုန်းတောင် မီးက လေးခါကျပါတယ် ။ (10)Lတစ်လုံးရှာနိုင်ရင် ရွှေကြာ ပြည်သူတွေဆီအမြန်ပြန်လာနိုင်မယ် "ဆိုပြီးလူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့ပါတယ်။ ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံလုပ်ဆောင်ခဲ့တဲ့ မရွှေကြာတစ်ယောက် နေအမြန်ပြန်ကောင်းလာပါစေကြောင်း ဆုတောင်းမေတ္တာပို့သပေးလိုက်ရပါတယ်။

Source: Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T