သင်္ကန်းဝတ်ကြီးနဲ့တောင် ပြည်သူတွေရဲ့ ကျန်းမာရေးအတွက် ပင်ပင်ပန်းပန်း ပိုးသတ်ဆေးတွေ လိုက်ဖျန်းပေးနေကြတဲ့ သံဃာတော်များ

//s9.kh1.co/8e/8ea0425e85b993ffffcfc62f95f3b956fa43918d.jpeg
နေ့စဉ်သတင်းများ

 ၂၂-လိုင်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

......

ခုလို ရောဂါတွေ ဆိုးရွားနေချိန်မှာ အရင်လိုလည်း အစစအရာရာ ကူညီဆောင်ရွက်ပေးမယ့် အဖွဲ့အစည်းတွေ မရှိကြလို့ ပရဟိတ အသင်းတွေ ၊ နီးစပ်ရာ ပြည်သူတွေကပဲ ကူညီဆောင်ရွက်ပေးနေကြတာပါ ။ ဒီလို အင်တိုက် အားတိုက် ကူညီ လုပ်ဆောင်ပေးနေကြသူတွေ အထဲမှာ ရဟန်းသံဃာတော်များကလည်း ထိပ်ဆုံးက ပါဝင်လျက်ရှိတာကို လေးစားစွာတွေ့မြင်ရပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader
Photo Credit : Original Uploader

သင်္ကန်းဝတ်ကြီးနဲ့တောင် ကိုဗစ်ကြောင့် သေဆုံးသွားတဲ့ လူနာတွေရဲ့ အလောင်းတွေကို ကိုယ်တိုင် PPE ဝတ်ကာ နေ့တိုင်း အစအဆုံး သယ်ယူပို့ဆောင်ပေးနေတာပါ ။ တစ်ချို့ သံဃာတော်တွေဆို ဒီလို ကူညီပေးရင်း ကိုဗစ်ကူးစက်ခံရတာတွေတောင် ရှိနေပါတယ် ။ ဒါ့အပြင် အောက်ဆီဂျင်တွေ လုံလုံလောက်လောက်ရရှိနိုင်ဖို့ အရေးမှာလည်း အလှူငွေတွေ များစွာ ထည့်ဝင်ကာ လှူဒါန်းမှုတွေ ပြုလုပ်ခဲ့တဲ့ ဆရာတော်ဘုရားများ ကိုလည်း တွေ့ရပါတယ် ။

Photo Credit : Original Uploader
Photo Credit : Original Uploader

အခုလည်း ရပ်ကွက်အတွင်းက ပြည်သူတွေ ကျန်းမာရေးအတွက် တစ်လမ်းဝင် တစ်လမ်းထွက် ပင်ပင်ပန်းပန်း ပိုးသတ်ဆေးတွေ လိုက်ဖျန်းပေးနေကြတဲ့ ရဟန်းသံဃာတော်တွေရဲ့ ပုံရိပ်တွေက ပြည်သူတွေရဲ့ ရင်ကို ထိမှန်ခဲ့ပါတယ် ။ တကယ်ကို ဘုရားသားတော် စစ်စစ်တွေလို့တောင် ပြည်သူတွေက လေးစားချီးကျူးနေကြတာပါ ။ ပရိသတ်ကြီးအတွက် ဆရာတော်ဘုရားတွေရဲ့ ပိုးသတ်ဆေး လိုက်ဖျန်းပေးနေတဲ့ ပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ် ။

Photo Credit : Original Uploader
Photo Credit : Original Uploader
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T