စာနာစိတ်နဲ့ Dead Body တွေ လိုက်ကောက်ပေးနေတာကို ပိုက်ဆံဘယ်လောက်ပေးရမလဲ ဆိုတဲ့ စကားကြောင့် စိတ်ထိခိုက်ခဲ့ရတဲ့ လူငယ်လေး

//s9.kh1.co/38/38b852c731603c26d1618c85fc1e24ae03c4ace7.jpeg
နေ့စဉ်သတင်းများ

 ၂၂-လိုင်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

......

မြန်မာနိုင်ငံသူ နိုင်ငံသားတွေကတော့ ခုချိန်မှာ ကိုဗစ် တတိယလှိုင်းကို ကိုယ်ထူ ကိုယ်ထ နဲ့ပဲ အားတင်းကာ ဖြစ်ကျော်နေရပါတယ် ။ ပြည်သူမှာ ပြည်သူတွေပဲ ရှိလို့ အားလုံးက တတ်စွမ်းသလောက် ဝိုင်းဝန်းကူညီနေကြတာ တွေ့ရပါတယ် ။ ပရဟိတ အသင်းတွေဆိုလည်း နေ့မအား ညမအား ထမင်းတောင် သုသာန်မှာ ဖြစ်သလိုထိုင်စားရသည်အထိ အနစ်နာခံ ကူညီပေးနေကြတာပါ ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 

လူငယ်လေးတွေခမျာလည်း လူသားချင်းစာနာစိတ်နဲ့ အောက်ဆီဂျင် ဖြည့်ပေးတဲ့ နေရာတွေမှာ နေ့ရော ညရော အခမဲ့ တန်းစီကာ ကူညီပေးနေကြတာ တကယ်ကို လေးစားစရာပါပဲ ။ ဒီလို ကူညီပေးကြရာမှာလည်း သူတို့ အနေနဲ့ အကျိုးအမြတ်တစ်ခုလိုချင်လို့ လုပ်နေကြတာ မဟုတ်ပါဘူး မိသားစုချင်း ကိုယ်ချင်းစာစိတ် ၊ မျက်နှာလွှဲကာ မနေတတ်တာတွေကြောင့် လုပ်ဆောင်ပေးနေကြတာပါ ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 

အခုလည်း လူငယ်လေးတစ်ယောက် မနက်အစောပိုင်းမှာပဲ ကိုဗစ်ကြောင့် သေဆုံးတဲ့ လူနာတွေများစွာကို လိုက်ကောက်ကာ ကူညီပေးနေတာကိုတွေ့ရပါတယ် ။ သူ့ကို ရောဂါကူးစက်မှာကို မစိုးရိမ်ပဲ ကူညီပေးနပေမယ့် ပိုက်ဆံ ဘယ်လောက်ပေးရမလည်းဆိုပြီး ပြောလိုက်တဲ့ လူတစ်ချို့ရဲ့ စကားကြောင့် စိတ်ထိခိုက်ခဲ့ရကြောင်းကို " ဒီနေ့ အလောင်း (9) လောင်း နှင့် ကျနော် ညီလေးရေ...မင်းတို့ကို ဘယ်လောက်ပေးရမလဲ? ရော့...လက်ဖက်ရည်ဖိုးလေး ယူကွာ...ဘောင်ဘီထဲ ထည့်ပေးတာတို့ ..အသည်းပေါက်ဆုံးပဲ....ကျနော်တို့ လက်ဖက်ရည်ဖိုး...မုန့်ဖိုး လိုချင်လို့ လာသယ်နေတာ မဟုတ်ဘူး ကျနော်တို့မှာလဲ မိသားစုရှိတယ်...ကိုယ်ချင်းစာလို့...လာကူညီပေးတာကျနော်တို့ စေတနာတွေကို တန်ဖိုး တန်ကြေးလာမဖြတ်ကြပါနဲ့ဗျာ ဘာမှ မပေးခြင်းဖြင့် ပြန်လည်ကူညီပေးကြပါ " ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးရင်း ကိုယ်ကျိုးစွန့်ကာ ကူညီနေကြတဲ့ သူတွေကို အလေးထားပေးဖို့ တိုက်တွန်းလိုက်ပါရစေ ။ 

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T