မွေးကင်းစအရွယ်ကတည်းက မိဘမေတ္တာကိုမရလိုက်ဘဲ တခြားသူရဲ့အိမ်ရှေ့မှာ စွန့်ပစ်ခြင်းခံခဲ့ရတဲ့ ကလေးငယ်လေးရဲ့ ဝမ်းနည်းစရာဖြစ်ရပ်

//s9.kh1.co/d0/d0701d983b6e213576b042afd9df054fa81f6165.jpeg
နေ့စဉ်သတင်းများ

 ၂၂-လိုင်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

မွေးကင်းစအရွယ်ကတည်းက မိဘမေတ္တာကိုမရလိုက်ဘဲ တခြားသူရဲ့အိမ်ရှေ့မှာ စွန့်ပစ်ခြင်းခံခဲ့ရတဲ့ ကလေးငယ်လေးရဲ့ ဝမ်းနည်းစရာဖြစ်ရပ်

လတ်တလောမှာတော့ မွေးကင်းစကလေးလေးတွေနဲ့ သက်ကြီးရွယ်အိုတွေကို စွန့်ပစ်နေကြတယ်ဆိုတဲ့သတင်းတွေကိုလည်း ကြားသိနေရပါတယ်။ပြည်သူတွေလည်း စားဝတ်နေရေးအဆင်မပြေတာတွေလည်း ကြုံနေရတဲ့အပြင်နေ့တိုင်း စိတ်မကောင်းစရာသတင်းတွေကိုသာ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တွေ့နေရတာပဲဖြစ်ပါတယ်။ပြည်သူအချင်းချင်းကတော့ တတ်နိုင်သလောက်ဖေးမကူညီကြပြီး ဒီအခြေအနေကို ကျော်လွှားနေကြတာဖြစ်ပါတယ်။

Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder

မနေ့ကဆိုရင်လည်း မကွေးမြို့၊အောင်မေတ္တာ(၁၃)လမ်းမှာ မွေးကင်းစကလေးငယ်လေးကို တခြားသူရဲ့အိမ်ရှေ့မှာလာရောက်စွန့်ပစ်သွားခဲ့တာဖြစ်ပါတယ်။ကလေးငယ်လေးကိုတော့ အနှီးလေးနဲ့ သေချာပတ်ပြီး ဖာထဲမှာထည့်ကာလူခြေတိတ်ချိန် မနက်စောစောမှာ ထားသွားခဲ့တာဖြစ်ပါတယ်။ကလေးငယ်လေးကတော့ ယောက်ျားလေးဖြစ်ပြီးအသားဖြူဖြူဖွေးဖွေးလေးနဲ့ အရမ်းချစ်စရာကောင်းတဲ့ရုပ်ရည်လေးပဲဖြစ်ပါတယ်။ကလေးလေးကို အိမ်ရှေ့မှာလာပစ်သွားလို့ ရပ်ကွက်နေပြည်သူတွေကလည်း ဝိုင်းဝန်းကူညီခဲ့ကြပါတယ်။

Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder

အခုဆိုရင်တော့ ကလေးငယ်လေးကို မွေးစားမယ့်မိဘတွေလည်းရှိပြီဖြစ်လို့ အဲ့ဒီကလေးအတွက် လုံခြုံစိတ်ချရပြီဖြစ်ပါတယ်။ဒီအချိန်မှာ မိမိရဲ့ရင်သွေးလေးကို လာရောက်စွန့်ပစ်သွားခဲ့တဲ့ မိဘကတော့ အကြင်နာတရားကင်းမဲ့တဲ့လုပ်ရပ်ကို ပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။ကလေးငယ်လေးခမျာ မိဘအရင်းတွေရဲ့မေတ္တာကို မရခဲ့ပေမယ့်သူတော်ကောင်းတွေကမွေးစားလိုက်လို့ မိသားစုလေးတစ်ခုရသွားတဲ့အကြောင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder

Source&Photo Credit:Original Uploder

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T