နာရေးကား အခက်အခဲတွေကြောင့် အလောင်းတွေကို ဆိုင်ကယ်နဲ့ ခက်ခဲစွာ သယ်ဆောင် မီးသင်္ဂြိုဟ်နေရတဲ့ မင်းတပ်မြို့ရဲ့ လက်ရှိ အခြေအနေ

//s9.kh1.co/c0/c0f7c5cc129de7c982030c60609122dd5ccb8c00.jpeg
နေ့စဉ်သတင်းများ

 ၂၂-လိုင်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

......

Covid -19 ရောဂါက ခုတစ်ခေါက်မှာ ပိုမိုလည်း ပြင်းထန်သလို ပေါ့ဆလို့ မရတဲ့ ရောဂါဆိုးကြီးဆိုတာ ခုလက်ရှိ ဖြစ်ပျက်နေတဲ့ မြန်မာနိုင်ငံက အခြေအနေတွေက မျက်မြင်သက်သေပါပဲ ။ ကိုယ့်မိသားစုဝင် ၊ ကိုယ်ချစ်ခင်ရသူတွေရဲ့ အသက်တွေ ဆုံးရှုံးရတဲ့ အခါ ရင်နှင့်အမျှ ခံစားရတာမို့ ဒီလို ဆုံးရှုံးမှုတွေ မဖြစ်ခင် မိမိက စပြီး ကြိုတင်ကာကွယ်ကာ စနစ်တကျ နေထိုင်ဖို့ အရမ်းကို လိုအပ်နေတဲ့ အချိန်အခါပဲ ဖြစ်ပါတယ် ။

Photo Credit : Original Uploader
Photo Credit : Original Uploader

ဒီနေ့အထိ မြန်မာနိုင်ငံနေရာ ဒေသအသီးသီးမှာ ကိုဗစ် ရောဂါကြောင့် သေဆုံးသူတွေ တစ်နေ့ထက် တစ်နေ့ ပိုပိုများပြားလာတာကိုတွေ့ရပါတယ် ။ မြို့ကြီးတွေမှာ ဆိုရင်လည်း တစ်ရက် တစ်ရက်ကို ရုပ်အလောင်းတွေ ရာကျော် ထောင်ကျော် အထိ ပြည့်နှက်နေလို့ မီးသင်္ဂြိုလ်ဖို့ အတော်လေး အခက်တွေ့နေတယ်လို့ သိရပါတယ် ။ ပရဟိတ ကားတွေဆိုရင်လည်း မသယ်နိုင်တော့လို့ အကုန်စုသယ်ရသည် အထိပါပဲ ။ 

Photo Credit : Original Uploader
Photo Credit : Original Uploader

မြို့ကြီးပြကြီးတွေမှာတောင် ဒီလောက်အခြေအနေဆိုးနေရင် အဝေးက နယ်မြို့တွေဆို ဘယ်လိုတောင် ရင်ဆိုင် ကျော်ဖြတ်နေကြမလည်း မတွေးရဲစရာပါ ။ အခုလည်း မင်းတပ်မြို့မှာ ကိုဗစ်ကြောင့်သေဆုံးတဲ့ လူနာတွေကို နာရေးကား အခက်အခဲတွေကြောင့် ဆိုင်ကယ်တွေပေါ်မှာ တင်ကာ ခက်ခက်ခဲခဲ သယ်ဆောင် မီးသင်္ဂြိုဟ်ပေးနေရတယ်လို့ သိရပါတယ် ။ ပြည်သူတွေ အနေနဲ့ ဒီလို ဆိုးရွားတဲ့ အခြေအနေတွေကို ရင်ဆိုင်ရလေ့မယ်လို့ ဘယ်သူမှမထင်ခဲ့ကြတာ အမှန်ပါပဲ ။ ပရိသတ်ကြီးအတွက် မင်းတပ်မြို့ရဲ့ လက်ရှိ အခြေအနေတွေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Photo Credit : Original Uploader
Photo Credit : Original Uploader
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T