မိခင်ဖြစ်သူက အိမ်ကထွက်သွားတဲ့အပြင် အိမ်လခပါပေးစရာမရှိလို့ ထိုင်ငိုနေရှာတဲ့ ကလေးမလေးရဲ့ အခက်အခဲကို ကူညီပေးလိုက်တဲ့ ပြည်သူတစ်ဦး

//s9.kh1.co/e2/e2ff3bea8e50c31aaf619318bf13bddb097d3ff9.jpg
နေ့စဉ်သတင်းများ

 ၂၂-လိုင်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

မိခင်ဖြစ်သူက အိမ်ကထွက်သွားတဲ့အပြင် အိမ်လခပါပေးစရာမရှိလို့ ထိုင်ငိုနေရှာတဲ့ ကလေးမလေးရဲ့ အခက်အခဲကို ကူညီပေးလိုက်တဲ့ ပြည်သူတစ်ဦး

ကိုဗစ်ရောဂါကူးစက်မှုတွေကြောင့် အပြင်ထွက်သွားလာပြီး ဝမ်းစာရှာဖွေလို့ ခက်ခဲတာကြောင့် ပြည်သူအများအပြားဟာ စားဝတ်နေရေးအခက်အခဲကို ရင်ဆိုင်နေရပါတယ်။အိုးပိုင်အိမ်ပိုင်မရှိတဲ့ ပြည်သူတွေဟာဆိုရင်လည်း စားဝတ်နေရေးတွေအပြင် အိမ်လခတွေကို ရှာဖွေနေရတာဖြစ်ပါတယ်။ Julyလ (21)ရက်နေ့မနေ့ကတော့ ရန်ကုန်မြို့၊သင်္ယန်းကျွန်းမြို့နယ်မှာ စိတ်မကောင်းစရာကိစ္စလေးတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ မိခင်ဖြစ်သူက အပြင်ထွက်သွားတာ (၂)ရက်ရှိပြီဖြစ်တဲ့အပြင် အိမ်လခပါပေးစရာမရှိတာကြောင့် ကလေးမလေးဟာ မျက်နှာညိုးငယ်စွာနဲ့ထိုင်ငိုနေခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ထိုင်ငိုနေရှာတဲ့ကလေးမလေးကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိတာကြောင့် ပြည်သူတစ်ယောက်က လူမှုကွန်ယက်စာမျက်နှာထက်ပေါ်တင်ကာ တတ်နိုင်တဲ့ဘက်ကနေကူညီပေးကြဖို့ အကူအညီတောင်းခံလာခဲ့ပါတယ်။ စိတ်မကောင်းဖြစ်စရာကောင်းသလို သနားစရာကောင်းတဲ့ အဆိုပါအဖြစ်အပျက်လေးဟာ တစ်ခဏအတွင်းလူသိများသွားပြီး တတ်နိုင်သလောက်ကူညီပေးကြဖို့ ရေးသားပြောဆိုနေကြပါတယ်။ ယခုမှာတော့ သက်ကြီးရွယ်အိုတွေကိုတတ်နိုင်သမျှလှူဒါန်းမှုတွေပြုလုပ်ပေးနေတဲ့ ပြည်သူတစ်ဦးက အဆိုပါသနားစရာကလေးမလေးရဲ့ အခက်အခဲကို ဖြေရှင်းပေးလာခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

အဆိုပါပြည်သူက ကလေးမလေးတို့သားအမိအတွက် အိမ်လခ(၃)လခချုပ်ပေးခဲ့သလို လက်တစ်လောစားသောက်နေထိုင်ဖို့အတွက်လည်း ပိုက်ဆံနဲ့စားစရာတွေပေးလှူခဲ့တာဖြစ်ပါတယ်။လှူဒါန်းပေးခဲ့တဲ့ ပြည်သူက " ကလေးအား အမေလက်ထဲ အပ်ခဲ့ပါပြီ သူတို့ သားအမိအတွက် အိမ်လစာ (3)လစာ (180,000 Ks )ချုပ်ပေးခဲ့ပါပြီ လတ်တလော စားဖို့သောက်ဖို့ စားစရာ နှင့် အသုံးစရိတ်လဲ ပေးခဲ့ပါပြီ ကိုပူတူးနှင့်ဘော်ဒါများ (☎-095408437 ) (KBZ Pay - 09795405717) (Wave - 095408437 / 09795405717) (CB - 0076 6005 0004 5012) "ဆိုပြီး လူမှုကွန်ယက်ထက်မှာ ရေးသားထားခဲ့ပါတယ်။ ဒုက္ခရောက်နေရှာတဲ့ ကလေးမလေးကို လှူဒါန်းမှုတွေပြုလုပ်ပေးခဲ့တဲ့ ပြည်သူတစ်ဦးရဲ့ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T