ကားနဲ့ဝင်တိုက်လို့ အောက်ပိုင်းလှုပ်မရတော့တာကို ကူညီမလိုလုပ်ပြီး ထွက်ပြေးသွားတဲ့ ကားသမားကြောင့် ဒုက္ခရောက်နေရတဲ့ Rider တစ်ဦးရဲ့အဖြစ်

//s9.kh1.co/e5/e51beb2710d31782c3e59abeb9633458d96afcb6.jpg
နေ့စဉ်သတင်းများ

 ၂၂-လိုင်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ကားနဲ့ဝင်တိုက်လို့ အောက်ပိုင်းလှုပ်မရတော့တာကို ကူညီမလိုလုပ်ပြီး ထွက်ပြေးသွားတဲ့ ကားသမားကြောင့် ဒုက္ခရောက်နေရတဲ့ Rider တစ်ဦးရဲ့အဖြစ်

စားဝတ်နေရေး ကျပ်တည်းနေတဲ့ ဒီလိုကာလမှာ သာမန်လက်လုပ်လက်စား ပြည်သူတွေဆိုရင် အန္တရာယ်တွေကြားကနေတောင် လမ်းပေါ်ထွက်ပြီး ရှာဖွေစားသောက်နေရတာ ဖြစ်ပါတယ် ။  Delivery ပို့တဲ့အလုပ်နဲ့ ဝမ်းရေးရှာဖွေနေတဲ့ Rider တစ်ယောက်ကတော့ မနေ့က အော်ဒါသွားပို့ရင်းနဲ့ ကားတိုက်ခံခဲ့ရတာပဲ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ ဇူလိုင်လ (၂၁)ရက်နေ့၊ ည(၇)နာရီခန့်က မြို့ဦးကျောင်းနားမှာ Taxi ကားတစ်စီးက Rider တစ်ဦးကို ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-ရေချမ်း's FB Acc
Photo Credit-ရေချမ်း's FB Acc
Photo Credit-ရေချမ်း's FB Acc
Photo Credit-ရေချမ်း's FB Acc

ခါးအနောက်ပိုင်းကနေ ဝင်တိုက်ခံလိုက်ရတဲ့ Rider သမားကတော့ ခြေထိပ်ကွဲသွားပြီး လက်အရိုးလည်းထိသွားသလို အောက်ပိုင်းပါ သိပ်လှုပ်မရတော့တဲ့ အခြေအနေဖြစ်သွားတာ ဖြစ်ပါတယ် ။ ဒါ့အပြင် Rider သမားရဲ့စက်ဘီးလည်းပျက်သွားပြီး ဖုန်းမှန်ပါကွဲသွားတယ်လို့ သိရပါတယ်။ အော်ဒါပို့နေတဲ့အချိန်ဖြစ်တာကြောင့် သူကားတိုက်ခံရတဲ့အချိန်မှာ မျက်မြင်သက်သေတွေ အများကြီးရှိကြောင်း Rider သမားက ပြောထားတာလည်း တွေ့ရပါတယ်။

Photo Credit-ရေချမ်း's FB Acc
Photo Credit-ရေချမ်း's FB Acc
Photo Credit-ရေချမ်း's FB Acc
Photo Credit-ရေချမ်း's FB Acc

အဲ့ဒီနောက်မှာတော့ Rider ကောင်လေးက "အစ်ကိုရေ လိုင်စင်ပဲပေးပါ ဆေးဖိုးကို ဘောက်ချာနဲ့ ရှင်းပေးပါ" ဆိုပြီးပြောတာကို ကားသမားက လိုင်စင်ယူသလိုနဲ့ ကား‌မောင်းပြေးသွားခဲ့တာပဲ ဖြစ်ပါတယ် ။ မတည်ငြိမ်သေးတဲ့ အခုလိုအခြေအနေမှာ သူ့ကိုကားနဲ့ဝင်တိုက်ပြီး ထွက်ပြေးသွားတဲ့သူကို Rider ကောင်လေးက သူ့အနေနဲ့ စိတ်မဆိုးတာကြောင့် ဆေးပဲကုပေးပါဆိုပြီး အနူးအညွတ်တောင်းဆိုထားတာ ဖြစ်ပါတယ် ။ "ကျွန်တော် အောက်ပိုင်းမလှုပ်နိုင်ရင် စားဝတ်နေရေး ထိခိုက်မှာမို့လို့ပါ ကားဆရာအစ်ကို။ ကားနဲ့ ကားဆရာ ကိုတွေ့သူများ 09978700705ကိုဆက်ပေးပါခင်ဗျာ။" ဆိုပြီး ပြည်သူမှပြည်သူသို့ အကူအညီတောင်းခံလာခဲ့တာပဲ ဖြစ်ပါတယ် ။

Source & Photo Credit-ရေချမ်း's FB Acc

Photo Credit-ရေချမ်း's FB Acc
Photo Credit-ရေချမ်း's FB Acc
Photo Credit-ရေချမ်း's FB Acc
Photo Credit-ရေချမ်း's FB Acc
Photo Credit-ရေချမ်း's FB Acc
Photo Credit-ရေချမ်း's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T