အလှူခံလို့ရတဲ့ ငွေလေးနဲ့ အောက်ဆီဂျင်အိုး ဝယ်ခဲ့ရာ လိမ်ရောင်းခံလိုက်ရတာကြောင့် ရှူပြီး ၃ မိနစ်အတွင်း သေဆုံးသွားခဲ့ရတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/37/37ea02e7ebc3f54bf94c6bf000c91157d403e3d5.jpeg
နေ့စဉ်သတင်းများ

 ၂၂-လိုင်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.......

ခုဆိုရင် ကိုဗစ်ရောဂါကူးစက်မှုတွေ များလာတာကြောင့် အောက်ဆီဂျင်လိုအပ်နေတဲ့ လူနာတွေလည်း မနည်းပါဘူး ။ နေ့ရော ညရော လူမှုကွန်ရက် စာမျက်နှာတွေ အထက်မှာလည်း အောက်ဆီဂျင် အကူအညီတွေ တောင်းနေကြတာ စိတ်မကောင်းစရာတွေပါပဲ ။ ဒါကြောင့်လည်း စေတနာရှင် ပြည်သူတွေ စုပေါင်းပြီး အောက်ဆီဂျင် လုံလောက်မှုရှိစေရန် ဝယ်ယူ လှူဒါန်းမှုတွေ အစွမ်းကုန် လုပ်ဆောင်နေကြပါတယ် ။ 

Photo Credit : Original Uploader 
Photo Credit : Original Uploader 

ခုလောလောဆယ်မှာတော့ အဆင်ပြေသလိုပဲ ရှာကြံကာ အခက်အခဲတွေကို ဖြေရှင်းနေကြရပါတယ် ။ တစ်ချို့ကလည်း မိမိမှာရှိတဲ့ အောက်ဆီဂျင်အိုးတွေကို ငှားရမ်းကာ ၊ ရောင်းပေးနေတာတွေ့ရပါတယ် ။ ဒီလို အောက်ဆီဂျင်အိုးတွေ ရောင်းဝယ်ကြရာမှာလည်း တစ်ချို့ အတ္တသမားဆန်တဲ့ လူတစ်စုက လူနာအသည်းအသန်ဖြစ်နေတာကို အခွင့်ကောင်းယူပြီး လိမ်ညာရောင်းချနေတာကို ခဏခဏတွေ့နေရကာ တကယ်စိတ်မကောင်းစရာ ဖြစ်ရပ်တွေပါပဲ ။

Photo Credit : Original Uploader
Photo Credit : Original Uploader

မနေ့ကဆိုရင်လည်း ပြည်သူတစ်ယောက် အလှူခံလို့ရတဲ့ ငွေလေးနဲ့ လူနာအတွက် အောက်ဆီဂျင်အိုးကို ရှာပြီး ဝယ်ယူခဲ့ရာ လိမ်ရောင်းခံလိုက်ရတာကြောင့် ရှူပြီး သုံးမိနစ်အတွင်း သေဆုံးခဲ့ရတယ်ဆိုတဲ့ ပို့စ်လေးတစ်ခုကို တွေ့ရပါတယ် ။ ဒါ့အပြင် ကွယ်လွန် ချိန်မှာ ခြေထောက်တွေ မျက်နှာတွေလည်း မဲသွားတယ်လို့ ရေးသားထားပါသေးတယ်။ တကယ်ကို မလုပ်သင့်တဲ့ လုပ်ရပ်တွေမို့ ပရိသတ်ကြီးလည်း ဒီသတင်းလေးကို ကြည့်ရှုနိုင်စေရန် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Photo Credit : Original Uploader
Photo Credit : Original Uploader
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T