လမ်းဘေးဇရပ်မှာ စွန့်ပစ်သွားခဲ့တာကိုသိပေမယ့်လည်း မိုးချုပ်ရင်ပြန်လာခေါ်မယ်ဆိုတဲ့စကားလေးကို ယုံကြည်ပြီး စောင့်နေရှာတဲ့ အဘွားတစ်ဦး

//s9.kh1.co/c3/c328dd8c4f52e55bb00922edf4f1a34344380fb1.jpeg
နေ့စဉ်သတင်းများ

 ၂၂-လိုင်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

လမ်းဘေးဇရပ်မှာ စွန့်ပစ်သွားခဲ့တာကိုသိပေမယ့်လည်း မိုးချုပ်ရင်ပြန်လာခေါ်မယ်ဆိုတဲ့စကားလေးကို ယုံကြည်ပြီး စောင့်နေရှာတဲ့ အဘွားတစ်ဦး

လက်ရှိမှာတော့ နိုင်ငံရေးအခြေအနေလည်းမတည်ငြိမ်သေးတဲ့အပြင် ကိုဗစ်ကူးစက်ရောဂါကြောင့်လည်း ပြည်သူတွေက အခက်အခဲမျိုးစုံကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ စီးပွါးရေးလည်း ကျပ်တည်းနေပြီး စားဝတ်နေရေးအတွက်တောင် ကြိုးစားရုန်းကန်နေရတာဖြစ်ပါတယ်။အခုဆိုရင်တော့ အိမ်တစ်အိမ်ကအဘွားအိုတစ်ဦးကို ပဲခူးမြို့၊သာယာအေးကျေးရွာဇရပ်မှာ လာရောက်စွန့်ပစ်သွားတဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပွါးခဲ့ပါတယ်။

Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder

အဘွားကို အမျိုးသားတစ်ဦးက ပွေ့ချီပြီး အမျိုးသမီးက စားစရာ၊အဝတ်အထည်ထည့်ထားသောခြင်းကို သယ်ယူကာ ညနေ(၄)နာရီဝန်းကျင်ခန့်က လာရောက်ပစ်သွားတာကို အနီးနားဝန်းကျင်က ဦးလေးတစ်ယောက် တွေ့မြင်ခဲ့တယ်လို့ သိရပါတယ်။အဘွားခမျာ သူ့ကိုစွန့်ပစ်တာကို သိပေမယ့်လည်း မိုးချုပ်ရင်ပြန်လာခေါ်မယ်ဆိုတဲ့စကားကိုယုံကြည်ပြီး စောင့်နေရှာတာဖြစ်ပါတယ်။အဘွားကို တွေ့မြင်သွားတဲ့ပြည်သူတချို့က မေးမြန်းကြတော့ မျက်ရည်လေးတွေဝဲပြီး ဝမ်းနည်းနေခဲ့တာဖြစ်ပါတယ်။

Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder

ဒီသတင်းကိုကြားသိသွားတဲ့ အင်းတကော် CBFQC အဖွဲ့သားများက အဘွားကို သွားရောက်ခေါ်ဆောင်ခဲ့တာဖြစ်ပါတယ်။အဘွားအတွက်လည်း နေရာထိုင်ခင်းကို စနစ်တကျစီစဉ်ပေးတဲ့အပြင် အာဟာရရှိမယ့်အစားအသောက်လေးတွေကို ကျွေးမွေးခဲ့တာဖြစ်ပါတယ်။အခုချိန်မှာတော့ အဘွားလည်း သူတော်ကောင်းပြည်သူတွေနဲ့တွေ့ခဲ့လို့လုံခြုံစိတ်ချရတဲ့နေရာမှာနေထိုင်နေပြီဖြစ်ပါတယ်။အခုလိုအခြေအနေမျိုးမှာ မေတ္တာတရားကင်းမဲ့စွာနဲ့ အဘွားကိုစွန့်ပစ်သွားတဲ့ဖြစ်ရပ်လေးကို စိတ်မကောင်းစွာနဲ့ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder

Source&Photo Credit:Original Uploader

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T