အလောင်းကို မီးသင်္ဂြိုလ်ဖို့အတွက်တောင် တုံကင်နံပါတ်လေးကိုင်ပြီး အလှည့်ရောက်ဖို့အတွက် စောင့်ဆိုင်းနေရတဲ့ရင်နင့်စရာမြင်ကွင်း

//s9.kh1.co/e1/e181c879384e6d4d3bb06e862a46bf57b400fdff.jpeg
နေ့စဉ်သတင်းများ

 ၂၁-လိုင်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

အလောင်းကို မီးသင်္ဂြိုလ်ဖို့အတွက်တောင် တုံကင်နံပါတ်လေးကိုင်ပြီး အလှည့်ရောက်ဖို့အတွက် စောင့်ဆိုင်းနေရတဲ့ရင်နင့်စရာမြင်ကွင်း

ပြည်သူလူထုကတော့ ကိုဗစ်ကူးစက်ရောဂါကို အားလုံးအတူတူ စုပေါင်းတိုက်ဖျက်ပြီး စိတ်ဓာတ်ကြံ့ကြံ့ခိုင်ခိုင်နဲ့ရင်ဆိုင်ကျော်လွှားနေကြတာဖြစ်ပါတယ်။တစ်နေ့ကို သေဆုံးသွားတဲ့လူနာတွေကလည်း အများကြီးပဲရှိတာကြောင့်ပြည်သူတွေလည်း ကျန်ရစ်သူမိသားစုတွေနဲ့ထပ်တူ အရမ်းဝမ်းနည်းနေရတာပဲဖြစ်ပါတယ်။တချို့အိမ်ထောင်စုတွေမှာဆိုရင် မိဘတွေသေဆုံးသွားလို့ ကလေးတွေပဲကျန်ခဲ့ရတဲ့ ရင်နင့်စရာအခြေအနေတွေလည်း ရှိခဲ့ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

မနေ့ကဆိုရင် သေဆုံးသူဦးရေ (၂၈၆)ဦးအထိ ရှိခဲ့ပြီး မီးသင်္ဂြိုလ်မယ့်နေရာတွေမှာဆိုရင် အလောင်းတွေစုပြုံလို့နေပါတယ်။နာရေးကားနဲ့ Ambulance ယာဉ်တွေတောင် မလောက်တော့လို့ ရုပ်အလောင်းတွေကို ကြုံသလိုသယ်ဆောင်နေရတာဖြစ်ပါတယ်။ဒါ့အပြင် သုသာန်ကိုရောက်ရင်လည်း မီးသင်္ဂြိုလ်ဖို့အတွက် အလှည့်ရောက်ဖို့စောင့်ဆိုင်းနေရသေးတာဖြစ်ပါတယ်။ပြည်သူတွေခမျာ ဒုက္ခအခက်အခဲတွေကို တစ်မျိုးပြီးတစ်မျိုး ခံစားနေရတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

မီးမသင်္ဂြိုလ်ခင်မှာ ကျန်ရစ်သူမိသားစုတွေက ဓာတ်ပုံလေးတွေကိုင်ပြီး ရုပ်အလောင်းဘေးနားမှာ ငေးငိုင်ကာခံစားနေရတာပဲဖြစ်ပါတယ်။ကျန်ရစ်သူမိသားစုတွေကလည်း Mask တပ်ထားတဲ့အပြင် ခေါင်းဆောင်း၊လက်အိတ် စတဲ့အကာအကွယ်ပစ္စည်းအစုံအလင်နဲ့ သုသာန်ကိုလာခဲ့ကြတာဖြစ်ပါတယ်။တုံကင်နံပါတ်လေးတွေကိုင်ပြီး အလှည့်ရောက်ဖို့အတွက် အချိန်အကြာကြီးစောင့်ဆိုင်းနေရတဲ့ ဝမ်းနည်းစရာမြင်ကွင်းတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T